တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ (၂၇-၅-၂၀၂၀)ရက်နေ့တွင်
 
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
 ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ သာယာဝတီနှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 
 မကွေးတိုင်းဒေသကြီး၊ ချောက်၊ မကွေး၊ မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးနှင့် စလင်းမြို့နယ်တို့၌ နေအိမ်(၁၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃၁)လုံးနှင့် ဘာသာရေး အဆောက်အဦ(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 
 မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာနှင့် မြင်းခြံမြို့နယ်တို့၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၇)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခဲ့ပါသည်။
 
(၉-၄-၂၀၂၀)ရက်နေ့မှ (၂၈-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၈၄၈)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၆)လုံး ပြိုကျ ပျက်စီးခြင်း၊ နေအိမ်(၁၁၉၉၄)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂၃၇)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၈)ဦးသေဆုံးပြီး လူ(၂၆)ဦးဒဏ်ရာရရှိခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၇၀၁.၈)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါ သည်။
 
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။
#ha_sgw
#ST_RG_may2020
Source: MOSWRR

Sign Up

Upcoming Events