Author Archives: Thandar Aung
-
MAPDRR (2016) ၏ 2nd Technical Working Group (TWG4) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၂-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် ၂၀၁၆ အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် “MAPDRR (2016) ၏ 2nd Technical Working Group (TWG4) အလုပ်ရုံဆွေးနွေးပွဲ” ကို Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
-
ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း” ဖွင့်လှစ်မှုသတင်း
(၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း” ကို သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၁၂-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၁၂-၂-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) အသစ်ဆောက်လုပ်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးမှုသတင်း
(၁၀-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) အသစ်ဆောက်လုပ်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၉-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံးမှ လူဦးရေ (၁၁) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၉၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၀၉၉၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ Family Kits များအား (၁၀-၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး … Read more
-
ကချင်ပြည်နယ်၊ဝိုုင်းမော်မြို့နယ်ရှိ မုတ်လွဲကျေးရွာအုပ်စုတွင် ထပ်မံရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စုများ ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ဝိုုင်းမော်မြို့နယ်ရှိ မုတ်လွဲကျေးရွာအုပ်စုတွင် ထပ်မံရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ (၈၆) ဦးတို့အတွက် (၈-၂-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူကြီးဝတ်အနွေထည်များနှင့် ဆန် (၃၀) အိတ်၊သွပ် (၁၅၀) ချပ၊် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုး (၇၇၄၀၀ိ/-) (ကဆရ) ပစ္စည်း (၉) မျိုး (၁၅)ပုံး၊ UNFPA မှအမျိုးသမီးသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး Dr သင်းလွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ UN, INGOs အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည် Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး
-
ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကြွက်ကျွန်းကျေးရွာ အထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပို့ချခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ (၈-၂-၂၀၁၇) ရက်နေ့ ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကြွက်ကျွန်းကျေးရွာ အထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်ရန် ဆောင်ရန်များအား ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူဦးရေ (၃၂၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ ကျောက်တော်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၇) ကျောက်တော်မြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများအား အရေပေါ်စားနပ်ရိက္ခာဝယ်ယူရန်နှင့် အရင်းမပျောက်မတည်ငွေ ထောက်ပံ့ ပေးအပ်မှုသတင်း
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်း (၁၅)ခုအား အရင်းမပျောက်မတည်ငွေ (၈၇၅ )သ်ိန်းနှင့် အရေပေါ်စားနပ် ရိက္ခာဝယ်ယူရန် (၇၅.၈ )သိန်း၊ စုစုပေါင်း( ၉၅၀.၈ )သိန်းပေးအပ်ပွဲအခမ်းအနားကို (၈ -၂ -၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင်နေ ့လယ် (၁၁)နာရီအချိန်တွကျင်ပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တက်ရောက်ခဲ့ပြီး လူမှုရေးဝန်းကြီးဒေါက်တာသင်းလွင်မှ ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ကယ်ဆယ်ရးနှင့်ပြန်လည်နရာချထားရးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် UN, INGsO, NGOs အဖွဲ့အစည်းများတက်ရောက်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က စခန်း (၁) ခုချင်းအလိုက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးစခန်းတာဝန်ခံများကလက်ခံရယူခဲ့ပါသည်။ ထိုနောက်အရေးပေါ်စားနပ်ရိက္ခာဝယ်ယူရန် ထောက်ပ့ံငွေ … Read more
