Author Archives: Thandar Aung
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁၀) လုံးမှ လူဦးရေ (၄၁) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၉၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် FamilyKits များအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါရည်မှန်းချက်နှင့်အညီ ဖော်ဆောင်ရွက်
နေပြည်တော် မတ် ၇ အမျိုးသမီးများနှင့်ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ရွယ်များအတွက် ဦးစားပေးဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် Women and Girls First Initiative စီမံချက် ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Royal ACE Hotelတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမိိျုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား မြန်မာ အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးများ အပြည့်အဝရရှိ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် ကျောက်ဆည်မြို့နယ်အတွင်း လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်မှုခြင်းနှင့် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းများ ပြုလုပ်မှုသတင်း
ကျောက်ဆည်မြို့နယ်အတွင်း လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်ပေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို (၃-၃-၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ (၆-၃-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းများကိုလည်းကောင်း မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ရွာ၊ တောင်ကျွန်းရွာ၊ နယ်ခြားရွာတို့ရှိ လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်မှုခြင်း၊ ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းနှင့် ပြုပြင်ပေးခြင်း၊ လေပြင်းဘေးပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်မှုသတင်း
မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ရွာ၊ တောင်ကျွန်းရွာ၊ နယ်ခြားရွာတို့ရှိ လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်ပေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၀-၂-၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ (၅-၃-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းနှင့် ပြုပြင်ပေးခြင်းများကို မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကလျာဏမိတ္တလူမှုကူညီရေးအသင်း၊ ဂရုဏာမုဒိတာအသင်း၊ သုခဆည်းဆာအသင်းနှင့် အခြားပရဟိတအသင်းဝင်များ၊ ကျေးရွာသားများ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် (၆-၃-၂၀၁၇) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ အနိမ့်ရွာ၊ နယ်ခြားရွာနှင့် တောင်ကျွန်းရွာတို့၌် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ကလျာဏမိတ္တ၊ သုခဆည်းဆာ၊ ဖြူစင်၊ ဂရုဏာမုဒိတာနှင့် … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် လူနေအိမ်များပြုပြင်နိုင်ရန် မြို့နယ်အလိုက် အကြိုညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုြုဖင့် “လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် လူနေအိမ်များပြုပြင်နိုင်ရန် မြို့နယ်အလိုက် အကြိုညှိနှိုင်းအစည်းအဝေးပွဲ” များကို (၂၈-၂-၂၀၁၇) ရက်နေ့တွင် မြစ်သားမြို့၌လည်းကောင်း၊ (၁-၃-၂၀၁၇) ရက်နေ့တွင် ဝမ်းတွင်းမြို့၌လည်းကောင်း၊ (၃-၃-၂၀၁၇) ရက်နေ့တွင် စဉ့်ကိုင်မြို့၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IOM (International Organization for Migration) တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ (ပြည်နယ်အဆင့် အရာထမ်း/အမှုထမ်း) များအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ု ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းတက်ရောက်မည့်သင်တန်းသားဦးရေ (၂၇) ဦး စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ … Read more
-
လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၆-၃-၂၀၁၇ ) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူ (၆၁) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆီ၊ ဆန်၊ ရေသန့်၊ အဝတ်ထုပ်၊ Family Kits၊ ဆန်ရိက္ခာဖိုးငွေ (၁၁၉၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀) ကျပ်တိတိတို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ (၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၅) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၅) ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆီ၊ ဆန်၊ ရေသန့်၊ အဝတ်ထုပ်၊ Family Kits၊ ဆန်ရိက္ခာဖိုးငွေ (၅၂၅၀၀) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်တိတိတို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ (၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ သပြေလှကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၄-၃-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၉) စုမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အဝတ်ဟောင်းထုပ်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၄-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
