Author Archives: Thandar Aung

  • အောင်လံမြို့နယ် လပါးကျေးရွာတွင်လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၂-၅-၂၀၁၇) ရက်နေ့ အောင်လံမြို့နယ် လပါးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်် အိမ်ထောင် စု (၂) စုအတွက် ဆန်ဖိုးငွေ ၂၁၀၀၀ိ|အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀၀၀၀/-) စုစုပေါင်း (၂၂၁၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိူးအား (၁၃. ၅ .၂၀၁၇) နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြောက်ဦးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၅-၂၀၁၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် အတွင်းရှိ ကြာရှည်ကျေးရွာ ချောင်းသစ်ကျေးရွာ ဆင်အိုးချေကျေးရွာနှင့်ရွာမနီကျေးရွာတိုတွင်လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွား သောလူနေအိမ်(၂)လုံး အိမ်ထောင်စု(၂)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအိမ်ထောင်စု(၂)စုစာနှင့်တစ်စိတ်တစ်ပိုင်းပျက်စီး သွားသော လူနေအိမ်(၁၀)လုံးအတွက် ကဆရပစ္စည်း(၄)မျိုးအိမ်ထောင်စု(၄)စုစာ အား(၁၃-၅-၂၀၁၇) ရက်နေ့တွင်မြောက်ဦးခရိုင်ဦးစီးမှူးရုံံးမှကနဦးသွားရောက်ထောက်ပံ့ပေးခဲ့ပြီးဆန်ရိက္ခာဖိုး နှင့်အိမ်ဆောက်ပစ္စည်းဖိုးများအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကနီမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၁-၅-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်အတွင်းမှ ဘေးသင့် အိမ်ထောင်စု (၃၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၅၅၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၅၀)မျိုး (၃၃)အိမ်ထောင်စာ အမိုးလန်ဘုန်းကြီးကျောင်း ၁ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်း ဖိုးငွေ (၇၀၀၀၀)အား (၁၂-၅-၂၀၁၇)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိ သည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ပခုက္ကူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ကျေးရွာအုပ်စု(၂၂)စု ကျေးရွာ(၇၁) ရွာတို့တွင်ပြိုကျအိမ်ခြေ (၁၄၄)အိမ်၊ အမိုးလန်အိမ်ခြေ (၁၄၄၈)အိမ၊်လူဦးရေ(၆၃၆၈)ဦး၊ဘုန်းကြီး ကျောင်းတစ်ကျောင်းတို့အတွက််ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၃၇၂၈၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုးပြိုကျအိမ်ခြေ(၁၄၄) အိမ်အတွက်(၁၄၄၀၀၀၀၀ိ/-)၊ အမိုးလန်အိမ်ထောင်စု(၁၄၄၈)အိမ် အတွက်(၂၈၉၆၀၀၀၀ိ/-)နှင့်ဘုန်ကြီးကျောင်းတစ်ကျောင်း အတွက်(၁၀၀၀၀၀ိ/-) စုစုပေါင်း (၅၆၈၃၂၈၀၀ိ/-)ကို(၁၂-၅-၂၀၁၇)ရက်နေ့တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသိုထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိ သည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကျိုင်းတုံမြို့နယ်၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    (၁၃.၅.၂၀၁၇)ရက် (၁၃းဝ၀)နာရီမှ (၁၄း၃၀)နာရီထိ နံနက် (၉းဝ၀) နာရီမှ နေ့လည် (၁၂းဝ၀) နာရီအထိ ကျိုင်းတုံမြို့နယ်၊ ၊ကရုဏာ ကျိုင်းတုံရုံးတွင် တက်ရောက်ဦးရေ (၄၀) အား ဆွေးနွေးပြောကြားပေးခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင် များစောင်ဖြန့်ဝေခြင်း သဘာဝဘေး အသိပညာပေး သင်တန်းပို့ချခဲ့ ကြောင်းသိရှိရပါသည်Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မုတ်သုန်အကြိုကာလအတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    (၁၃.၅.၂၀၁၇)ရက် (၁၃းဝ၀)နာရီမှ (၁၄း၃၀)နာရီထိ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မုတ်သုန်အကြိုကာ လအတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲအား စစ်တွေမြို့နယ်၊မောင်နီပြင်ကျေးရွာ၌ ပြည်သူ လူထု(၂၀၀)အား ဆွေးနွေးပြောကြားပေးခြင်း၊ DAN mobile application ဖြန့်ဝေခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင် (၁)မျိုးစီ (၂၀၀)စောင်ဖြန့်ဝေခြင်း၊ ဘေး(၈)မျိုး နံရံကပ်ပိုစတာများအားကျေးရွာ ရပ်ကျေးစာရေးထံလွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသော ပြည်သူလူထူအား အချိုရည်နှင့် မုန့်ကျွေးမွေးဧည့်ခံ ခဲ့ကြောင်းသိရှိရပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအတွင်း Monitoring and Evaluation Team အဖွဲ့၏ကွင်းဆင်းလေ့လာမှုအခြေအနေသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Team အဖွဲ့သည် (၁၃-၅-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်နှင့် ဒ(၁၇) ရပ်ကွက်တို့တွင် AAR Japan အဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဝင်ငွေရှာဖွေရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပံ့ပိုး ပေးခြင်း နှင့် အသက်မွေးပညာသင်တန်းများပို့ချပေးခြင်းအစရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။ M&E အဖွဲ့သည် အဆိုပါစီမံကိန်းနယ်မြေမှ ကိုယ့်အား ကိုယ်ကိုးအဖွဲ့များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ၎င်းတို့ … Read more

  • ဘီးလင်းမြို့နယ်အတွင်း ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် ဘီးလင်းမြို့ နယ် အတွင်းရှိ သောက်သုံးရေရှားပါးသော ကန်သာယာရပ်ကွက်(၈) ၊ တိုးချဲ့ ရပ်ကွက်(၂ လမ်း၊ ၃လမ်း၊ ၄လမ်း၊ ၅လမ်း) ရပ်ကွက်များရှိ အိမ်ထောင်စု(၃၀၀) လူဦးရေ (၁၆၀၀)ဦးတို့အား သောက််သုံးရေ ဂါလံ(၆၀၀၀)အား သွားရောက်လှူ ဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events