Author Archives: Thandar Aung
-
မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ အောင်ချမ်းသာကွက်သစ်၊ ကြာကန်ရွာမြောက်ပိုင်းမှ ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ အောင်ချမ်းသာကွက်သစ်၊ ကြာကန်ရွာမြောက်ပိုင်းရှိ အိမ်ခြေ (၂၅၀) မှ လူဦးရေ (၁၂၅၀) ဦးတို့အတွက် သောက်သုံးရေ (၆၄၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မွန်ပြည်နယ််ဦးစီးမှူးရုံး၊ဦးဆောင်မှုဖြင့်သထုံ ခရိုင်နှင့်မြို့နယ်သဘာဝဘေးကာကွယ််စောင့်ရှောက်ရေးလုပ်ငန်းကော်မတီအဖွဲ့များသဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍မိုးကြိုကာလအတွင်းဖြစ်တတ်သည့် သဘာဝဘေး အန္တရာယ်များအနက် မုန်တိုင်းသဏ္ဍာန်တူူဇာတ်တိုက် လေ့ကျင့်ခြင်းကို (၁၇-၅-၂၀၁၇) ရက်နေ့နှင့် (၁၈-၅-၂၀၁၇)နေ့များတွင် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာရွှေကျောင်းကြီး ဘုန်းကြီးကျောင်း၌ ပြည်သူလူထုအင်အား (၃၀၀) ဦး ကျော်ဖြင့် အောင်မြင်စွာလေ့ကျင့် ဆောင်ရွက် ခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးမှ ဒေသခံပြည်သူလူထုုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်တတ်လာစေရန်၊ မိုးလေဝသသတင်း များအား အလေးထားနား ထောင်တတ်လာစေရန်၊ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက် တတ်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များ ပိုမိုသိရှိလာနိုင်စေရန်လေ့ကျင့်ဆောင်ရွက်ခဲ့ ပြောကြား ခဲ့ပါ … Read more
-
သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးလည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့၊ (၁ဝး၃၀) နာရီ အချိန်တွင် မြောင်းမြမြို.နယ၊်တြိန်းကျွန်းကျေးရွာအုပ်စု အောင် လှိုင်ရေကျော်ကျေး ရွာနေပြည်သူ (၁၂၀) ဦးအားသဘာဝဘေးအသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်းခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း
၁၇-၅-၂၀၁၇ ၊ နေပြည်တော် ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၇-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် စတင်တာဝန်ယူကတည်းက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဥပဒေနှင့်အညီ အုပ်ချုပ်သည့် စီမံအုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနှင့် လူတိုင်း လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အခြေအနေ၊ … Read more
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ (၁၇-၅-၂၀၁၇) ရက်နေ့ (၀၈း၃၀)နာရီတွင် ပေါက်တောမြို့၊ ရပ်ကွက်(၃)၊ မီးလောင်ကျွမ်းမှုကြောင့် လု့ံးဝပျက်စီး အိမ်ခြေ (၁၅)လုံးမှ လူဦးရေစုစုပေါင်း(၆၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁၅)စုစာ ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၂၆၀၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀၀ိ/-)၊ဒဏ်ရာရလူနာ(၁၆)ဦးတို့အတွက် တစ်ယောက်လျှင်(၅၀၀၀၀ိ/-)နှုန်း (၈၀၀၀၀၀ိ/)စုစုပေါင်း(၃၉၂၆၀၀၀) အား ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပးခဲ့ကြောင်းသတင်းရရှိသည်။Sourceး ရခိုင်ပြည်နယ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်တော်မြို့နယ်သလူချောင်းကျေးရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇)ရက်နေ့ ကျောက်တော်မြို့နယ်သလူချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး သွပ်ပြား ၃ဝချပ်ခန့်လွှင့်ပါပျက်စီးခဲ့ရပြီး အိမ်ထောင်စု (၁ )စုမှ လူဦးရေ ၄ဦးအတွက် ကဆရပစ္စည်း ၆မိိျုး အိမ်ထောင်စု ၁ စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်း ဆန်ရိက္ခာ(၇)ရက်စာဖိုး ၈၄၀၀ စုစုပေါင်း (၁၀၈၄၀၀/-) အား ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး ခန်းတွင် (၁၇- ၅-၂၀၁၇)ရက်နေ့တွင် မြို့နယ်ထွေအုပ်သို့လွှဲပြောင်းပေးခဲ့ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပေါင်းတည်မြို့နယ်၊သဖန်းပင်ဆိပ်ကျေးရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများ သည် (၁၂-၅-၂၀၁၇)ရက်နေ့ ပေါင်းတည်မြို့နယ်၊ သဖန်း ပင်ဆိပ်ကျေး ရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၌ လေပြင်းဘေး တိုက်ခိုက် မှုကြောင့် အမိုးလန်(၂)အိမ်တွက် အိမ်ဆောက်ပစ္စည်းဖိုးး (၁၀၈၀၀၀/-) အား (၁၆.၅.၂၀၁၇) ရက်နေ့တွင်ထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးရွာ အုပ်စု(၄)စု ကျေးရွာ(၁၂)ရွာ(၁၁-၅-၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁)အိမ်ထောင်စာ(၁)ပုံး လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးငွေ (၆၃၀၀/-) ၊အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-) နှင့် အမိုးလန်အိမ်ခြေ(၄၅)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၄၀၂၅၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၁၃၁၃၀၀/-)အား (၁၆-၅-၂၀၁၇)နေ့တွင် ကြို့ပင် ကောက်မြို့နယ်ထွေ/အုပ်ခန်းမတွင် သွားရောက်ထောက်ပ့ံထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သထုံမြို့နယ၊်ကင်မွန်းချုံရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၁-၅-၂၀၁၇) ရက်နေ့ သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကင်မွန်းချုံ ရွာ တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင် နေအိမ်ပေါ်သိ့ု အုန်းပင်ပြိုလဲ ပိမိသဖြင့် လူဦးရေ (၅)ဦး လေဘေးသင့်ခဲ့ရာ (၁၆-၅-၂၀၁၇)ရက်နေ့ တွင် ကယ်ဆယ်ရေးပစ္စည်း ၊ အိမ်ဆောက်ပစ္စည်း ဘိုးနှင့် ဆန်ရိက္ခာ (၇)ရက် စာ စုစုပေါင်း (၁၁၀၅၀၀/-) အား သွားရောက်ထောက်ပ့ံ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမ၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ် အမှတ်(၃)နှင့် အမှတ် (၄)ရပ်ကွက်များတွင် (၁၁.၅.၂၀၁၇)နေ့ တွင် ဖြစ်ပွား သော လေဘေးကြောင့် ပြိုလဲပျက်စီးသော အိမ်ခြေ (၂)လုံးနှင့် အမိုးလန် အိမ်ခြေ(၃)လုံးအတွက် အိမ် ဆောက်ပစ္စည်းရန်ပုံငွေ(၃၇၇၅၀၀ိ/-) ပြိုလဲ အိမ်ထောင် စု(၂)စုအား ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အမိုးလန်အိမ်ခြေ(၃)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး လေဘေး သင့်ပြည်သူ( ၂၄ )ဦးအတွက် ဆန်ရိက္ခာ(၇ )ရက်စာ (၅၀၄၀၀/-) စုစုပေါင်းကယ်ဆယ် ရေးရန်ပုံငွေ(၄၂၇၉၀၀/- ) တို့အား မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် … Read more
