Author Archives: Thandar Aung

  • ဖျာပုံမြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စု ဖလက်ချောင်းကျေးရွာမှ ဦးအေးလွင် ၄၂ နှစ်(ဘ) ဦးအုန်းလွင်သည် လယ်ထဲတွင်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန် သေဆုံးသွားသည့်အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,ဝဝဝ/-) အား တာဝန်ရှိသူများ ရှေ့မှောက်၌ ၄င်း၏မိသားစုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ သာယာဝတီ ခရိုင် အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းကျေးရွာအုပ်စု (၃ဝ့၅့၂၀၁၇)ရက်နေ့နှင့်မတောင့်တကျေးရွာအုပ် စု(၁၁-၆-၂၀၁၇)ရက်နေ့ လေဘေးအမိုးလန်နေအိမ် ရလုံးအတွက် ထောက်ပံ့ငွေကျပ်( ၃၃၄၅၀၀) ကျပ်အား (၂၁-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည် Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊မယ်ဆွမ်မြောက်ရပ်ကွက်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး တက်ရောက် (၁၅၀) ဦး တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင််ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့လှူဒါန်းမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၁၅.၆.၂၀၁၇)ရက်နေ့ ထားဝယ်မြို့၊ကနိင်းဒါကျေးရွာယွန်းဘုန်းတော်ကြီးကျောင်းတွင် မီးဘေး သင့်ခဲ့သည့် ကျောင်းဆောင်ကြီးအတွက် ထောက်ပံ့ငွေ (၃)သိန်း နှင့်သံဃာတော် ငါးပါးအတွက် သင်္ကန်းဒွိစုံ (၅) စုံဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ မှဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၁၀)သိန်းအား (၁၇.၆.၂၀၁၇) ရက်နေ့တွင်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိပါသည်Source:တနင်္သာရီတိုင်းဦးစီီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ နတ္တလငး်မြို့် နယ် ကျေးရွာအုပ်စု(၇)စု၊ ကျေးရွာ(၁၄)ရွာတွင် (၂၃.၅.၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့့်ပြိုလဲ(၁၂)အိမ်တွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀) အမိုးလန်နေအိမ်(၆၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၃၄၅၀၀၀) ၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနဲ့ ပြိုလဲ (၁၂)အိမ်ရှိ လူ(၆၃)ဦးအတွက်ဆန်ရိက္ခာငွေ( ၁၃၂၃၀၀)ကျပ်ံ၊ စုစုပေါင်းထောက်ပ့့့့့ငွေ (၃၆၇၇၃၀၀)ကျပ်နှင့် (၂၅.၅.၂၀၁၇)ရက်နေ့ အုပ်စု(၂)စုတွင် လေပြင့း်တိုက်ခိုက်မှုကြောင့် အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့း ထောက်ပ့ံငွေ (၃၃၂၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၉၈၀၀)ကျပ်အား (၁၉.၆.၂၀၁၇)နတ္တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာနသို့ လေဘေးသင့်ပြည်သူများလက်ဝယ် ပေးအပ်ထောက်ပံ့်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

     လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူး ကျေးရွာ၌မြို့နယ် သဘာဝဘေးစီမံစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီးမီးဘေး၊ ရေဘေး၊မုန်တိုင်း ဘေး၊ငလျင်ဘေး၊ဆူနာမီဘေး၊မြေပြိုဘေး၊မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာ စောင်များ၊ပိုစတာများ၊ဗွီနိုင်းများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source:သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်ရေနံချောင်းမြိ့ုနယ်မာန်မြေမြောက်စုကျေးနှင့်ရွာသာကုန်းကျေးရွာတို့တွင်(၂၀.၆.၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သောကမ်ပြိုဘေးတွင်အိမ်ခြေ(၁၈)လုံးအတွက်အိမ်ဆောက်ပစ္စည်းိုး(၁၈၀၀၀၀၀) လူဦးရေ(၇၀)ဦးအတွက်ဆန်(၇)ရက်စာ(၁၄၇၀၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး(၂၁)အိမ်ထောင်စုစာတို့ကို(၂၂.၆.၂၀၁၇)ရက်နေ့ကမြိ့ုနယ်ထွေအုပ်ရုံးတွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝ ဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်သူသို့သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများပြုလုပ်ရာတွင်အားလုံးပါဝင်သည့်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်စေရေး ထိခိုက် လွယ်အုပ်စုများဖြစ်သည့်နားမကြားသောကလေးများကျောင်း(လူမှုဝန်ထမ်းဦးစီးဌာန)ရှိ ကလေးငယ် များ အား သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်စွမ်းဆောင်ရည် ပြည့်ဝစေရေး အသိပညာပေးဟောပြော ခြင်း၊ သဘာဝဘေးအသိပညာပေးပုံပြင်များပြောခြင်း၊ သရုပ်ပြကစားခြင်းများကို (၂၂.၆.၂၀၁၇)ရက် နေ့တွင် ဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းမှကလေးငယ်များနှင့်ဆရာ၊ဆရာမ အင်အား (၂၀၀)ခန့်တက် ရောက်၍အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲတွင်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများ၊ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများအား ဝေငှထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့၌ ရပ်ကွက်/ကျေးရွာအဆင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် ရပ်မိ/ရပ်ဖ ကျေးရွာသူ/သား အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် မိုင်းဆတ် မြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းတွင်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ ဆရာ ဆရာမ. ကျောင်းသား ကျောင်းသူ သူဦး ရေ(၁၄၀) ဦးတက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင််ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events