Author Archives: Thandar Aung

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၆. ၂၀၁၇) ရက်နေ့၌ မြဝတီမြို့၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေး အသိပညာပေးနံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source းမြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကလေးသူငယ်အခွင့်အရေး အပြည့်အဝဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှာကြား

    (၂၉-၆-၂၀၁၇) ၊ နေပြည်တော် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ပရဟိတလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်မှုပုံစံမှာလည်း အမျိုးမျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့ဂေဟာများသည် အစိုးရအသိအမှတ်ပြုဖြစ်ပြီး (၃၄၅) ခုရှိကြောင်း၊ အစိုးရအသိအမှတ်မပြုရသေးသော ပရဟိတဂေဟာ … Read more

  • လားရှိုးမြို့နယ်၊ ဝိန်းထန်ကျေးရွာ၊ ဝိန်းထန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀~၁၁းဝ၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ ဝိန်းထန်ကျေးရွာ၊ ဝိန်းထန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတက်ရောက်လာသူများထံ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာတွင် (၂၄.၆.၂၀၁၇) ရက်နေ့နှင့်(၂၆.၆.၂၀၁၇)ရက်နေ့၌ ကမ်းပြိုဘေးသင့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၂၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ဆန်ရိက္ခာဖိုး(၄၂၀၀၀ိ/-) စုစုပေါင်း (၃၄၂၀၀၀ိ/-)၊ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အားလည်းကောင်း၊ ပေါက်မြို့နယ်၊ ကပိုင်ကျေးရွာ အုပ်စု၊ ကပိုင်(မြောက်)ကျေးရွာတွင် (၂၃.၆.၂၀၁၇)ရက်နေ့၌ မီးဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၆၃၀၀ိ/-) စုစုပေါင်း (၁၀၆၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အားလည်းကောင်း၊ ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာ အုပ်စု၊ ချင်းယားကျေးရွာတွင် (၂၇.၆.၂၀၁၇)ရက်နေ့၌ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်သဲ အ-ထ-က ကျောင်းသား ကျောင်းသူ (၃၆ဝ)ဦးနှင့် မုရစ်ကလေး (အထက) တို့တွင်ကျောင်းသား ကျောင်းသူ(၆၀၀)ဦး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်း အရာများအား ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး ပါကြောင်းသတင်းရ ရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့စစ်တွေမြို့နယ်၊ ရွာသစ်ကေကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ် နှင့်ပတ် သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး တက်ရောက်သူပြည်သူ (၁၀၀)ဦးတက်ရောက်ခဲ့ ပါကြောင်းသတင်းရ ရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင််ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုအုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်းရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး တက်ရောက်သူပြည်သူ (၁၀၀)ဦးတက်ရောက်ခဲ့ ပါကြောင်းသတင်းရ ရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့ လားရှိုးမြို့ အ.ထ.က(၄)ကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဝေငှခြင်းရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီးကျောင်းသားကျောင်းသူများ၊ (၂၀၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရ ရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာသင်တန်းဖွင့််လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် Luthern World Federation (LWF)အဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၆-၂၀၁၇) ရက်နေ့ ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စု ပုလဲကျေး ရွာတွင် ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ်များမှ စီမံချက်ကျေးရွာများရှိ ဒေသခံပြည်သူ (၅၀)ဦးအား ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ သင်တန်းအား(၃) ရက်ကျင်းပပြုလုပ် လျက်ရှိပြီး အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာအခြေခံသဘောတရားများ၊ ကော်မတီဖွဲ့ စည်း၍စနစ်တကျပူးပေါင်းဆောင်ရွက်မှုများ နှင့်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများဆွေနွေး ပို့ချခဲ့ ကြောင်းသတင်းရ ရှိပါသည်။Source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events