ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာတွင် (၂၄.၆.၂၀၁၇) ရက်နေ့နှင့်(၂၆.၆.၂၀၁၇)ရက်နေ့၌ ကမ်းပြိုဘေးသင့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၂၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ဆန်ရိက္ခာဖိုး(၄၂၀၀၀ိ/-) စုစုပေါင်း (၃၄၂၀၀၀ိ/-)၊ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အားလည်းကောင်း၊ ပေါက်မြို့နယ်၊ ကပိုင်ကျေးရွာ အုပ်စု၊ ကပိုင်(မြောက်)ကျေးရွာတွင် (၂၃.၆.၂၀၁၇)ရက်နေ့၌ မီးဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၆၃၀၀ိ/-) စုစုပေါင်း (၁၀၆၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အားလည်းကောင်း၊ ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာ အုပ်စု၊ ချင်းယားကျေးရွာတွင် (၂၇.၆.၂၀၁၇)ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၁၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၃၇၈၀၀ိ/-) စုစုပေါင်း(၅၃၇၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၂၈.၆.၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရ ရှိပါသည်။
Source:ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)