Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀.၈.၂၀၁၇) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ၊ ကွမ်းခြံကုန်းကျေးရွာမှပြည်သူလူထု(၁၀၀)ဦး တို့်အား တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး(သန်လျင်)တွင်သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာ၊ ဗဟုသုတများအား မျှဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြမြို့ ကံ့ကော်မြိုင်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၈-၂၀၁၇) ရက်နေ၊ (၁၄း၄၀) နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ က့ံကော်မြိုင်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ် (၁) လုံး မီးလောင်ခဲ့ရာ အဆိုပါမီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းပုံးပါ (၉) မျိုး (၁) အိမ်ထောင်စာအား မြောင်းမြခရိုင် ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးအုပ်စုရှိ ကျေးရွာ (၁၂) ရွာအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သုံးပစ္စည်း Family Kits များ ပေးအပ်မှုသတင်း
(၁၆-၈-၂၀၁၇) ရက်နေ့တွင် Lutheran World Federation (LWF) မြန်မာအဖွဲ့မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးအုပ်စုရှိ ကျေးရွာ (၁၂) ရွာအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သုံးပစ္စည်း Family Kits များ ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး LWF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Family Kits တွင်ပါဝင်သောပစ္စည်းများ၏ အသုံးပြုပုံကိုပြသခဲ့ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် family kits ကိုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) နေ့တွင် အ-လ-က (၂၇) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၀၀ ခန့်ကိုလည်းကောင်း၊ (၁၆-၈-၂၀၁၇) နေ့တွင် အ-ထ-က (၂၂) နှင့် အ-ထ-က (၁၆) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၅၀ ခန့်စီ ဖြင့်လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သရုပ်ပြကဒ်ပြားများဖြင့် ပညာပေးကစားခြင်း၊ လက်ကမ်း စာစောင်ပိုစတာများဝေငှ ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇)နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များအား ဟောပြောခဲ့ပြီးတက်ရောက် (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇)နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များအား ဟောပြောခဲ့ပြီးတက်ရောက် (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကောင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၃း၃၅) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာအား ဘေးသင့်မိသားစုထံသို့ (၁၆-၈-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၆-၈-၂၀၁၇) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၂) ပုံးနှင့် (၁၆) မျိုးပါ (၆၉) ပုံးနှင့် ဆန်ရိက္ခာဖိုငွေ (၇၀၇၇၀၀) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇)နေ့တွင် ဝါးခယ်မမြို့ အ.ထ.က (၂)နှင့် အ.ထ.က ခွဲ ရွာသစ်ကျောင်းများသို့ သဘာဝဘေးအန္တရာယ်နှင့်ပတ် သက်သည့်ကြိုတင်ပြင်မှုများ ဆောင်ရန်ရှောင်ရန်များအားဟောပြောခြင်း ကျောင်းသား ကျောင်းသူ များအား ဆူနာမီပုံပြင်ပြောပြခြင်း ပုံစံငယ်လေးများဖြင့်ရှင်းလင်းပြသခြင်း လက်ကမ်းစာဆောင်နှင့် ပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီးတစ်ကျောင်း လျင်ကျောင်းသား ကျောင်းသူ (၃၅၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
