Author Archives: Thandar Aung

  • ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်း၌ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

    (၂၁-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် UN Volunteers အဖွဲ့နှင့်ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအား ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်း၌ ကျင်းပခဲ့ရာ အင်အား (၁၅၀) ကျော် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘိုကလေးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့က အဖွင့်အမှာစကားပြောကြားခြင်း၊ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သင်တန်းအား (၂၁-၈-၂၀၁၇) မှ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၁-၈-၂၀၁၇) နေ့တွင် ကံမမြို့နယ၊် ရေနံ့သကျေးရွာတွင် သဘာဝဘေးလျော့ပားရေအသိပညာပေးဟော ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ မိုးကြိုးဘေးဗီနိုင်းပိုစတာများကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဟောေ ပြာပွဲသို့ ကျေးရွာပြည်လူဦးရေ (၇၁)ဦးတက်ရောက် ခဲ့ကြောင်းသတင်း ရရှိပါ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

    နေပြည်တော်၊ ၂၁.၈.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု ဝန်ကြီးက ယနေ့အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ … Read more

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထား ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေး ရွာတွင် (၁၈.၈.၂၀၁၇) နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၄ ဦးအား ထောက်ပံ့ခြင်း ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ ကျပ် ဆန်ရိက္ခာဖိုး ၈၄၀၀ ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ၁၀၈၄၀၀ ကျပ်ကို ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source – … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်တုံခရိုင်ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၁.၈.၂၀၁၇) ရက်နေ့ ကျိုင်းတုံမြို့၊အမှတ်(၂)ရပ်ကွက်၊ ဆောင်းပျက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟော ပြောပွဲပြုလုပ်ခဲ့ရာပြည်သူလူထု၁၂၀ဦးတက်ရောက်ခခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကျိုင်တုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဆွန်းဆန်စိမ်းလောင်းလှူ ပွဲသို့တက်ရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်(၂၁.၈.၂၀၁၇) ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါတွင်းကာလ လပြည့်/လကွယ်နေ့များ၌ ဆွန်းဆန်စိမ်းလောင်းလှူပွဲသို့တက်ရောက် ဆွန်းဆန်စိမ်းလောင်းလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်(၂၁.၈.၂၀၁၇) ရက်နေ့ မိုင်းဖြတ်မြို့နယ်၊ဝမ်မိုင်ရပ်ကွက်ရှိလူဦးရေ (၈၅) ဦးအား သဘာဝဘေးအသိပညာပေးအသိပညာပေး ဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)

  • နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ (၁၄)၊ ဗက်လက်ဘုရားကျောင်းသို့ မိုးကောင်းမြို့၊ ခါနန်ကျေးရွာအုပ်စုမှ နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၅၄) ဦးတို့သည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် ပမ္မတီးရပ်ကွက်၊ နယ်မြေ(၄)ရှိ ဧဝံဂေလိဘုရားကျောင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထပ်တိုးအိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀) ကျပ်တိတိအား (၂၁-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events