
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ (၁၄)၊ ဗက်လက်ဘုရားကျောင်းသို့ မိုးကောင်းမြို့၊ ခါနန်ကျေးရွာအုပ်စုမှ နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၅၄) ဦးတို့သည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် ပမ္မတီးရပ်ကွက်၊ နယ်မြေ(၄)ရှိ ဧဝံဂေလိဘုရားကျောင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထပ်တိုးအိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀) ကျပ်တိတိအား (၂၁-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)