Author Archives: Thandar Aung
-
ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါကျေးရွာ လေဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၉-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေ (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀၀၀၀) ကျပ်တို့ကို (၂၀-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟားခါးမြို့ စျေးဟောင်းရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အန္တရာယ်ရှိသည့်နေရာမှ ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
(၁၈-၉-၂၀၁၇) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ဒါအုချိန်းလမ်း၌ အန္တရာယ်ရှိ လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးတို့အား ဘေးလွတ်သည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာ အဆိုပါအိမ်ထောင်စုများအတွက် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၆၈၀၀) ကျပ်အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် အထက (ခွဲ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် အထက (ခွဲ) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ (၂၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းဖွင့်လှစ်မှုသတင်း
(၁၈-၉-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းကို ဖွင့်လှစ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၅၀) ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း (၂/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) အချိန်တွင် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း (၂/၂၀၁၇) အား ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား (၅၀) ဦးနှင့် အခမ်းအနားတက်ရောက်သူ (၇၀) ဦး စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့နယ်အတွင်း မိုးသည်းစွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၆-၉-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း (၁၀၆၃၀၀) ကျပ်တို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းစွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျပိမိခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ နယ်မြေ (၉) ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျပိမိကာ ပြိုလဲခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၂၀၄၂၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၂၁၈၉၀၀) ကျပ်တို့ကို (၁၇-၉-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ရခိုင်ြပည်နယ်အကြမ်းဖက်ြဖစ်စဉ်များကြောင့် ဒေသတွင်း ဘေးဒုက္ခ ခံစားနေရသူ အားလုံးအတွက် MA-UK(Myanmar)အဖွဲ့က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
နေပြည်တော်၊ ၁၇-၉-၂၀၁၇ ရက်နေ့ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဥ်များကြောင့် ရခုိင်ြပည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူအားလုံးအတွက် လန်ဒန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် MA-UK (Myanmar) အဖွဲ့က ငွေကျပ် (၇၉၀၅၀၀၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ရည်ထုပ်နှင့် (၂)ယောက်အိပ်ခြင်ထောင်များကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းပါသည်။ အဆိုပါ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ … Read more
