Author Archives: Thandar Aung
-
COVID19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ကုက္ကိုကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား COVID19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ သဘာဝဘေးနှင့်ပတ် သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အလို့ငှာ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၅၅)ရပ်ကွက်၊ ဗြမ္မစိုရ်လမ်းတွင် (၂၅-၁၂-၂၀၂၀)ရက်နေ့ (၀၈:၅၃)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦး မီးဘေးသင့်ခဲ့ပါသဖြင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာတို့အား ဘေးသင့်ပြည်သူများထံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် သွားရောက်၍ ထောင်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_dec2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအုပ်စု၊ ဇယ်ဘန်ကောက်ကျေးရွာ၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေသန့်ဆေးထုပ်များ၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် အမာမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်းကျေးရွာ၌ ရေသန့်ဆေးထုပ် (၃)ဘူး၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်း(၁)ခုနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေသန့်ဆေးထုပ်များ၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် အမာမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခေတ္တာကျွန်းကျေးရွာ၌ ရေသန့်ဆေးထုပ် (၃)ဘူး၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး ဗီနိုင်း(၁)ခုနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ပဒေါင်ကုန်းကျေးရွာ၊ ကျောက်တောင်ကျေးရွာနှင့် ဆိုလစယ်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာ၌ (၂၅-၁၂-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈,၄၀ဝိ/-)အား (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၀:၁၅)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ကောလင်းမြို့နယ်၊ ဥမှင်အုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခဲ့ခြင်း သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အလို့ငှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေး၊ မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကျင်းပ
~~~~~~ Source: MOSWRR ~~~~~~ ဒီဇင်ဘာ (၁၇)၊ နေပြည်တော် ~~~~~~ (၂၅)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Ramrung Worawat … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာ အသစ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ဗိုလ်ဗထူးလမ်းနှင့် သိပ္ပံလမ်းထောင့်၌ အများပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် (9’x6′)မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအသစ်စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: မြောင်းမြမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
