COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ကောလင်းမြို့နယ်၊ ဥမှင်အုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခဲ့ခြင်း သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အလို့ငှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_dec2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events