Author Archives: Thandar Aung
-
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀-၁၁-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောစဉ်
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁၁-၂၀၁၇) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များ၊ နံရံကပ်ဗီနိုင်းများ ဖြန့်ဝေခြင်းလုပ်ငန်းအား မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မံခံရေးခူးကျေးရွာ၌ တန်ဖိုးနည်းအိမ်ရာများသို့ ပြောင်းရွှေ့ခဲ့သည့် IDP မိသားစုများအား ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မံခံရေးခူးကျေးရွာ၌ IDP မိသားစုများအား တန်ဖိုးနည်းအိမ်ရာများသို့ ပြောင်းရွှေ့နိုင်ရေးထောက်ပံ့မှုခရီးစဉ်အတွင်း ပြောင်းရွှေ့အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူးစီနှင့် လူဦးရေ (၈၄) ဦးအတွက်(၇)ရက်စာဆန်ဘိုးငွေ (၁၇၆၄၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ H . E. Ms. Retno L.P Marsudi မှ လာရောက်တွေ့ဆုံ၍ UEHRD လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်နိုင်ရေးဆွေးနွေး
================================================= ၁၉.၁၁.၂၀၁၇၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Ms. Retno L.P Marsudi က (၁၉-၁၁-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် အဆိုပါ၀န်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းရပ်များနှင့်ပတ်သက်၍သိလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ညီအကိုမောင်နှစ်မ နိုင်ငံများဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ … Read more
-
ခန္တီးအိမ်တွင်းမှုသင်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ ~ ၁၄း၃၀) နာရီအချိန်တွင် ခန္တီးအိမ်တွင်းမှုသင်တန်းကျောင်းရှိ သင်တန်းသူ (၆၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်အုပ်စု၊ ကျောက်ပြောက်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) မှ (၁၂းဝဝ) ထိ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်အုပ်စု၊ ကျောက်ပြောက်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောက်ပြောက်ကျေးရွာ (အ .လ.က) ကျောင်းမှ ကျောင်းသူ/သားများနှင့် ကျောက်ပြောက်ကျေးရွာမှ ရွာသူ၊ ရွာသားများ စုစုပေါင်း (၁၅၀) ဦးကျော်ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းနောက် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း … Read more
-
ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်သည် (၁၆-၁၁-၂၀၁၇) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ပလက်ဝမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလကိမှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်နှင့်အတူ ပလက်ဝမြို့နယ် တိုက်ပွဲရှောင် အိမ်ထောင်စု (၆၇) စု၊ လူဦးရေ (၃၃၄) ဦးအတွက် ဆန်ရိက္ခာ တစ်လစာ (၁၀၄) အိတ်နှင့် (၉)ပြည်၊ စားဆီ (၆၇) ပိဿာ၊ … Read more
-
UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator နှင့် Myanmar MEDECINA SANS FRONTIERES အဖွဲ့တို့မှ သီးခြားစီ လာရောက်တွေ့ဆုံ
================================================= ၁၆.၁၁.၂၀၁၇၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator ဖြစ်သူ Mr.Knut Ostby နှင့် MSF- Switzerland In Myanmar, MEDECINA SANS FRONTIERES မှ Head of Mission ဖြစ်သူ Mr. Kevin Coppock ဦးဆောင်သော အဖွဲ့တို့က (၁၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ … Read more
-
ဘုတ်ပြင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ဘုတ်ပြင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ CSO များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၁၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
ကျောက်တံခါးမြို့နယ်၊ ခင်ကြီးစုကျေးရွာအုပ်စု၊ ကြီးခင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးစုကျေးရွာအုပ်စု၊ ကြီးခင်စုကျေးရွာ၌ (၁၂-၁၁-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ် ၂ အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်း၊ လူဦးရေ (၁၂) ဦးစာအတွက် ဆန်ရရက်စာဖိုး (၂၅၂၀၀) ကျပ်၊ စုစုပေါင်း (၁၂၅၂၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
