Author Archives: Thandar Aung

  • ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်

    ==================================================== ၂၅ နိုဝင်ဘာ၊ ဘားအံ —————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သောက်သုံးရေလိုအပ်သော ဒေသခံတိုင်းရင်းသားများအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံရှိအချို့ဒေသများတွင်လည်း ပုံမှန်မဟုတ်သော သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရလေ့ရှိကြောင်း၊ နှစ်စဉ်နွေရာသီရောက်ရှိပါက ကရင်ပြည်နယ်ဒေသအချို့တွင် သောက်သုံးရေရှားပါးမှုဒဏ်ကိုခံရလေ့ရှိသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုကတည်းက စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုခလင်းမြိုင်၊ … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောခြင်း

    ================================================ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီမှ (၁၃း၃၀) နာရီအချိန်ထိ သံတွဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ သြဘာလမ်းရှိ မူလတန်းကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်ရှိ လူဦးရေ (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ သွားရောက် ထောက်ပံ့

    =================================================== ၂၄ နိုဝင်ဘာ နေပြည်တော်———- ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနက ဆန်ရိက္ခာဘိုးငွေများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အလယ်ချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်အဖွဲ့သည် ကိုးတစ်ဘုန်းစိုးထေရဝါဒဗုဒ္ဓဘာသာ သာသနပြုဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဒက္ခိဏခရိုင်၊ ကိုးတစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကိုတွေ့ဆုံနှုတ်ဆက်၍ … Read more

  • မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင် မိုင်းပန်မြို့နယ် မိုက်ပုတ်(ပန်ပိ)ကျေးရွာ၌  (၁၈-၁၁-၂၀၁၈) ရက်နေ့၊ (ဝရး၄၀) နာရီအချိန်တွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၅၀၀၀၀ိ/-) အား  (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာနှင့် ကြွေပန်းကန်ချောင်းကျးရွာအုပ်စု၊ ကြွေပန်းကန်ကျေးရွာတို့တွင် (၅-၁၁-၂၀၁၈) ရက်နေ့မှ (၂၀-၁၁-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ခြေ(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုမှ လူဦးရေ(၁၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃,၅၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၃၀၀,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၃၅)အိမ်ထောင်စုအား ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှုကြောင့် သုံးခွမြို့နယ်ရှိ ဇွဲထော်ကျေးရွားနှင့် ထုံးကြီးကျေးရွာအုပ်စုမှ တပိုးတန်းကျေးရွာတို့၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အမိုးလန် ပြိုကျပျက်စီးခဲ့ရသည့် အိမ်ခြေ(၄)လုံးအား (၁)လုံးလျှင် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)စီဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု(၄)စာနှင့် လေဘေးသင့်ပြည်သူ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၉၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၉၄၀၀ိ/-)အား သုံးခွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရပ်မိရပ်ဖများနှင့်အတူ (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာ  (၂၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၂၉၄၀ဝိ/-) တို့ကို (၂၃-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events