Author Archives: Department of Disaster Management
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ အုပ်စု၊ သပြေပင်ကျေးရွာ၌ (၁၂-၁-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၄) လုံး၊ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၅,၇၀၀/-) ကျပ်နှင့် (၁၄၉,၄၁၂/-) ကျပ်တန်ဖိုးငွေရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာအား … Read more
-
စက်လှေနစ်မြုပ်သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံပေးနေမှုသတင်း
(၈-၁-၂၀၁၉)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်နေ ဦးစံကြည်၏ သက်ဖြိုးစံ-၄ ငါးဖမ်းစက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ခမောက်မော်ကျေးရွာနေ ဦးထွန်းအောင် (၆၃)နှစ်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ငွေကျပ် (၃၀၀၀၀၀ိ/-) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများရှေ့မှောက်တွင် (၁၃-၁-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ayy_jan2019 Source – ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စေတုတ္တရာမြို့နယ်တွင်ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စေတုတ္တရာမြို့နယ်၊ ကျန်စိမ့်ကျေးရွာတွင် (၂၁-၁၂-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၄,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၅၄၄,၁၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၅)စုစာတို့အား (၁၁-၁-၂၀၁၉)ရက်နေ့ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha _rbe #mgy_jan2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစစ်ကိုင်းတိုင်းဒေသကြီးအတွင်းမိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုထောက်ပံ့ခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ၊ ဝန်ကြီးဌာနကတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ်၊ ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိသက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့်မိခင်ဝိုင်းများအားထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကိုလက်ဝယ်အရောက်ပေးအပ်ခြင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှခြင်းများဆောင်ရွက်ခဲ့ပါသည်။အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၆၆၆)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၉,၉၈၀,၀၀၀) – တစ်ရာကိုးဆယ့် ကိုးသိန်းရှစ်သောင်း၊ မသန်စွမ်း (၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၂၈၀,၀၀၀) – … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ (အ.ထ.က)ရင်းငြိမ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၄၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းအတွင်း နံရံကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ရာ လူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2019
-
မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar (CWS) မှဝန်ထမ်းများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ အင်းမစုကျေးရွာ၌ (၁၀-၁-၂၀၁၉) ရက်နေ့တွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #ar_fld #ar_str #ayy_jan2019
-
မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သောသင်တန်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာများအား ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ (၂) ပတ်ကြာဖွင့်လှစ်မည့် ဖျာပုံမြို့နယ်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား (၇၀) ဦးအား (၁၀-၁-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာနှင့် ဦးစီးဌာန၏ဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့ပါသည်။ အဆိုပါသင်တန်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ဖျာပုံမြို့ ရပ်ကွက်/ကျေးရွာ များမှလူငယ်များ ပါဝင်တက်ရောက်နေပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဇေယျာမွန်ရပ်ကွက်၊ ဓမ္မာရုံ၌ (၁၀-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ (၂၂၅) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
ခရိုင်ဦးစီးမှူးရုံးများရှိ ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိနားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်း ခြင်း ကျင်းပပြုလုပ်မှုသတင်း
(၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၊ အစည်းအဝေးခန်းမ တွင် ခရိုင်ဦးစီးမှူးရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိ နားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်းခြင်း ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာ စကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ #dg #npw_jan2019 Source: DDM
