Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၆-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း)ရှိကျေးရွာနေ ပြည်သူအိမ်ခြေ(၁၁၅)လုံး၊ အိမ်ထောင်စု(၁၂၃)စု၊ လူဦးရေ(၆၂၅)ဦးတို့အတွက် သောက်သုံးရေဂါလံ(၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ေ၀ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2019

  • Cyclone shelter(၃)လုံးနှင့် Mutil Purpose (၂) လုံးခြံစည်းရိုးခတ်နိုင်ရန်အစည်းအဝေး ကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြိူ့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန် ပုံငွေဖြင့် တည်ဆောက်နေလျက်ရှိသော Cyclone shelter(၃)လုံးနှင့် Mutil Purpose (၂) လုံးခြံစည်း ရိုးခတ်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍အစည်းအဝေးကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဠ်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်၊ မြို့နယ် တည်ဆောက် ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာတာဝန်ခံများ၊ ကုမ္ပဏီတာဝန်ခံများ စုစုပေါင်း (၁၅) ဦးတက်ရောက်ကြပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည်  (၁၃-၆-၂၀၁၉) ရက်နေ့တွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ (အ-မ-က) ပိန္နဲတောကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားဦးရေ (၁၀၀) ကျော်တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်ခေါင်ရင်းအုန်းပင်ပြိုကျမှုကြောင့် လူနေအိမ် (၁) အိမ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ သောကြောင့် အဆိုပါ ဘေးသင့်နေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (ကွက်သစ်ပိုင်း) နှင့် ချောင်းဆင်း(တဲတိုက်) ရှိရွာနေ ပြည်သူအိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင်စု (၁၃၃) စု၊ လူဦးရေ (၆၄၀) ဦးတို့အတွက် သောက်သုံး ရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီမှ (၃:၀၀) နာရီထိ မိုင်းဖြတ်မြို့ (အ.ထ.က) (ဟိုနား) ကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတားများဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ခွါပီးကျေးရွာအုပ်စု၊ ခွါပီးကျးရွာတွင် (၉-၆-၂၀၁၉) ရက်နေ့ (၁၃:၅၀) နာရီအချိန်၌ မိုးရွာသွန်းနေစဉ်အတွင်း မိုးကြိုးပစ်၍ မိုးကြိုးလျှပ်စီးလိုက်မှုကြောင့် ဒဏ်ရာရ ပြည်သူ (၂) ဦးအတွက်   ထောက်ပံ့ရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်အား ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသို့ (၁၂-၆-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_tls #chn_jun2019 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါသော ခိုရွာသစ်အုပ်စု၊ ကွယ်သောဒေါကျးရွာ၊ ဝါသောခိုရွာသစ်ကျေးရွာသို့ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၂) စီးနှင့် (၈-၆-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါသောခိုရွာသစ်အုပ်စု၊ ဝါသောခိုရွာဟောင်းကျေးရွာ သို့ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံး ရေသွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #kyn_jun2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၈-၆-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၆)စု၊ရပ်ကွက်(၁)ခုတို့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၉၀၀၀/-)ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၂၇၃၀၀/-)ကျပ်၊ စုစုပေါင်း(၃၉၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၃)အိမ်ထောင်စာတို့ကို(၁၂-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _jun2019  

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရှော်ချောင်းကျေးရွာအုပ်စု၊ ချမ်းအေးကျေးရွာ၌ (၁၁-၆-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိူးပါ ပလစ်စတစ် (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)ကျပ်l ဆန်ရိက္ခာဘိုး (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-) တို့အား မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများl လွတ်တော်ကိုယ်စားလှယ်l … Read more

Sign Up

Upcoming Events