Author Archives: Department of Disaster Management
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ဝန်ထမ်း(၂၀)ဦးတို့အား DAN Mobile Application မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားပို့ချပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့ နေ့လည် (၀၁၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက် သိုလှောင်ရုံတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထု စုစုပေါင်းလူဦးရေ (၇၀)ကျော်တို့အား သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေး DAN Mobile Application နှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများအား ဝေမျှခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့( ၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာရပ်ကွက်အတွင်းရှိ သူနာပြုသင်တန်းဒီပလိုမာကောလိပ်တွင် DAN Mobile Application အား မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားပို့ချခဲ့ရာ ကျောင်းသား/သူ (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့ (၁၅၀၀)နာရီမှ (၁၆၃၀)နာရီထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ပညာရေးကောလိပ်၌ ကျောင်းသား/ ကျောင်းသူ(၁၆၀)ဦးခန့်အား (DAN) Mobile Application အားမိတ်ဆက်ခြင်း၊ လက်တွေ့အသုံးချနည်းများအား သင်ကြားဖြန့်ဝေခြင်းနှင့် စတစ်ကာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး မိုဘိုင်းApplication(ဒါန်မြန်မာ)ဖြန့်ချိခြင်းနှင့် အသိပညာပေးခြင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် ဟင်္သာတၿမိဳ႕နယ်/ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများ ထဲသို့ DAN Mobile Application ထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်… #ar #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုများအားလည်းကောင်း နေ့လယ်ပိုင်းအချိန်တွင် ပဲခူးမြို့တွင်း၌လည်းကောင်း DAN Mobile Application နှင့် စပ်လျဉ်းသည့် အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတစ်ကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးခန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးအား (၂၆-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရုံးဆိုင်းဘုတ်အား အမွှေးနံသာရေများပက်ဖျန်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယာယီရုံးခန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က ဟိုပုံးမြို့အလကခွဲ သာယာကုန်း၌ ကျောင်းသား/သူ (၁၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ၊ သရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ————————————————– လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉) ရက်နေ့၊ (၁၄:၃၀) နာရီချိန် တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာ၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ လူအင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ကြပြီး ထိုတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်… … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်တွင် DAN Mobile Application အား မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားခဲ့ရာ ကျောင်းသား/သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
