လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့( ၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာရပ်ကွက်အတွင်းရှိ သူနာပြုသင်တန်းဒီပလိုမာကောလိပ်တွင် DAN Mobile Application အား မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားပို့ချခဲ့ရာ ကျောင်းသား/သူ (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။