Author Archives: Department of Disaster Management

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ (၂၈-၆-၂၀၁၉)ရက်နေ့ (၁၄ ၄၅)နာရီ မှ(၁၅ ၃၀)နာရီအထိ သင်တန်းသား (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် (DAN) Mobile Application အား တက်ရောက်လာသည့် သင်တန်းသားများအား အသုံးပြုပုံနည်းစနစ်များရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးအတွက် သွားရောက်ကူညီဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်မှ နေအိမ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းအမြင့်ပိုင်းမှ စီးဆင်းလာသောရေများ နေအိမ်အတွင်း ဝင်ရောက်မှုဖြစ်ပွားခဲ့မှုအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊  ရပ်ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူဦးရေ (၁၅၇)ဦးတို့အား သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေး DAN Mobile Application မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအား ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ DAN Mobile Application အားဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့က မြို့နယ်ထွေအုပ် လပတ်အစည်းအဝေးခန်းမတွင်  DAN Mobile Application နှင့်စပ်လျဉ်း၍ အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတေကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြေစာရင်းရုံး၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၊ မီးသတ်ရုံးနှင့် ဈေးရှေ့ဘက် mobile ဆိုင်များတွင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း၌(၂၇-၆-၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီ မှ(၁၄၀၀)နာရီအထိ ကျေးရွာနေပြည်သူလူထု (၁၀၅)ဦးခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် (DAN) Mobil Applicationအား တက်ရောက်လာသည့်ပြည်သူ့လူထုအား အသုံးပြုပုံနည်းစနစ်များရှင်းလင်းပြောကြားခဲ့ပြီး လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၃၉)စုမှ လူဦးရေ(၁၆၆၂)ဦးအတွက် အစိုးရအဖွဲ့၏ (၂၅) ရက်နေ့ စာရင်းအရ စားနပ်ရိက္ခာ(၂)ပတ်စာ (ဆန်၊ဆီ၊ဆား၊ပဲ) တန်ဖိုး-(၁၀,၆၁၁,၉၃၈)ကျပ် အား (၂၈-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

  • ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများအတွက် ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင်(၂၇.၆.၂၀၁၉)ရက်နေ့(၁၀း၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၆၇,၂၀၀)ကျပ် ၊အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်၊ စုစုပေါင်း(၆၆၇,၂၀၀)ကျပ်အား (၂၈.၆.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_jun2019 Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး  

  • မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့၌ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ မင်းတပ်မြို့နယ်၊ ပြေကျေးရွာနှင့် မကျန်းကျေးရွာတို့တွင်  မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးမြေစိုက် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့က ရွှေကူမြို့နယ်၊ စီမူကြီးကျေးရွာအုပ်စု၊ နနင့်လန်ကျေးရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် (၂၈-၆-၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်ရုံးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events