Author Archives: Department of Disaster Management
-
မီးဘေးသင့် ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ မင်းတပ်မြို့နယ် (၁၄.၇.၂၀၁၉)ရက်နေ့ လှေးကောင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၄၂၀၀ိ/-)ကျပ်နှင့် (၃၇၃၅၃)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ပလပ်စတစ်ပုံး(လက်ကိုင်ပါ)(၁)ပုံး တို့အား (၁၈.၇.၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနှင့်အတူ ပူးပေါင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #chn_jul2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး
-
ကျောင်းသား/သူများအား သဘာဝဘေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၂၁၅)ဦးဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကွျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာနှင့်နောက်မီးအုပ်စု၊ ကြို့ကုန်းကျေးရွာတို့တွင်(၁၇-၇-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့်အိမ်ခြေ(၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၁၀၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၄၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၂၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၆၂၆၈၀၀)ကျပ်ကို (၁၂-၇-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ပသီကျေးရွာအုပ်စု/ကျွဲလမ်းကျေးရွာတွင်(၁၇.၇.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၀၀၀ဝိ/-)နှင့်ဆန်ရိက္ခာ (၇)ရက်စာ(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၈၀ဝိ/-)အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး
-
နေရပ်စွန့်ခွာပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ DKBA(ခွဲထွက်) မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရအဖွဲ့မှ နေရပ်စွန့်ခွာပြန်လည်ဝင်ရောက်လာသူ(အလင်းဝင်ရောက်လာသူ) အိမ်ထောင်စု(၃၆)စု လူဦးရေ(၁၆၅)ဦးတို့အား (၃၇၃၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၃၂)စုစာ၊ (၁၃၉၅ဝိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး အိမ်ထောင်စု(၄)စုစာ လူတစ်ဦးလျှင် (၄၅၀၀ဝိ/-)တန်ဖိုးရှိ ဆန်ရိက္ခာနှင့် အခြားစားသောက်ကုန်၊ လူဦးရေ(၁၆၅)ဦးအတွက် ထောက်ပံ့ငွေ(၇၄၂၅၀၀ဝိ/-)တို့အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #otr #krn_jul2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
ရေဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၇-၂၀၁၉)ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ မြို့လယ်ပန်းခြံတွင် ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2019 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး
-
ရေဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၇-၂၀၁၉)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် မြို့ပတ်လမ်း အ.ထ.က(၁)ကျောင်းရှေ့တွင် ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၇.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အဟုံးဝကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာရှိ လုံးဝပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးအိမ်ထောင်စု(၁)စုစာ၊ လူဦးရေကျား(၃)၊ မ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၆၈၀ဝိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေကျား(၃၂)ဦး၊ မ (၃၄)ဦး၊ စုစုပေါင်း(၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၃၈၆၀ဝိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းငွေ(၉၀၀၀၀ဝိ/-)ကျပ်အား (၁၇.၇.၂၀၁၉)ရက်နေ့(၁၆း၃၀)နာရီ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး
-
ရေဘေးပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၅.၇.၁၉)နေ့နှင့် (၁၆.၇.၁၉)နေ့ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၅၁၆)စု၊ မျောပါ (၈)အိမ်၊ လူဦးရေ (၂၄၆၈) ဦးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၉၈၂၈၀ဝိ-)နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအတွင်း ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၂၂၀)စု ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၀၃၀)ဦး အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၆၃၀၀ဝိ/-)တို့ကို (၁၇.၇.၁၉)ရက်နေ့တွင် မြို့နယ် သဘာဝဘေးကော်မတီတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2019 … Read more
-
မြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (16-7-2019)ရက်နေ့တွင် ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဝင်၍ ပြောင်းရွှေ့ရသော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာရှိ လူနေအိမ်(1)လုံးမှ လူဦးရေ (5)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(10500)ကျပ်အား (17-7-2019)ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး
