ရေဘေးပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

 

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၅.၇.၁၉)နေ့နှင့် (၁၆.၇.၁၉)နေ့ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၅၁၆)စု၊ မျောပါ (၈)အိမ်၊ လူဦးရေ (၂၄၆၈) ဦးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၉၈၂၈၀ဝိ-)နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအတွင်း ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၂၂၀)စု ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၀၃၀)ဦး အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၆၃၀၀ဝိ/-)တို့ကို (၁၇.၇.၁၉)ရက်နေ့တွင် မြို့နယ် သဘာဝဘေးကော်မတီတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_jul2019

Source:                   ကသာခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events