Author Archives: Department of Disaster Management

  • လေဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စု၊ ဗျဉ်းကြားရိုးကျေးရွာတို့တွင် (၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည် နေအိမ်(၃)လုံး၊ စုစုပေါင်းနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး (၃၂၃၅၃/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်စုစုပေါင်းရန်ပုံငွေ (၂၇၇၃၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉) ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ Source; ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၁၁-၈-၂၀၁၉)ရက်နေ့နှင့် (၁၂-၈-၂၀၁၉)ရက်နေ့အတွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်း(၅)ခုသို့ ပြောင်းရွှေ့ရောက်ရှိနေကြသည့် ရေဘေးသင့် အိမ်ထောင်စု(၂၇၂)စုမှ လူဦးရေ(၉၂၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၉၃၄၁၀၀/-) ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)အချိန်မှ(၁၁း၃၀)အချိန်အထိ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ အင်အား(၂၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိုး၏ ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019

  • လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)ရွာတွင် (၁၁-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၃)လုံး စုစုပေါင်းနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၅,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၅,၁၀၀ိ/-)ကျပ်နှင့် ပြိုကျ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅း၁၀)အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_aug 2019

  • မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးဦးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ အိုသည်ကျေးရွာတွင် (၁၀-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mgy_aug 2019

  • ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့လာသည့်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၇-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း (၄)ခုသို့ ထပ်မံပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ (၄၉)လုံး၊ အိမ်ထောင်စု (၄၉)စုမှ လူဦးရေ(၂၂၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈၀၉၀၀ိ/-)အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug 2019

  • ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပခုက္ကူမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး(ရွာသစ်)ကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကိုလည်းကောင်း၊ ရှားပင်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃၁၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွက် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်း ကျေးရွာအုပ်စု၊ မောင်းတီးကျေးရွာ၊ ရွေးကျေးရွာအုပ်စု၊ ရွေးကျေးရွာနှင့် ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာတို့၌ (၄-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉) ရက်နေ့အတွင်း  ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၃)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-) … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အိမ်ဆိုးချောင်းကျေးရွာအုပ်စု၊ အိမ်ဆိုးချောင်းကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာတို့၌  (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ်တို့ကို (၁၃-၈-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 … Read more

Sign Up

Upcoming Events