Author Archives: Department of Disaster Management
-
ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၉.၂၀၁၉) ရက်နေ့တွင် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့ရှိ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း(၄)ခုမှထပ်တိုးအိမ်ထောင်စု (၅)စု ၊လူဦးရေ(၂၀) ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၄၂၀၀ဝိ/-)ကျပ်အား (၁၂.၉.၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီ ရေဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_fld #mon_sep2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ချောင်းဂွကျေးရွာအုပ်စု၊ မကျီးစုကျေးရွာအုပ်စုနှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု(၃၁၇)စုရှိ လူဦးရေ( ၁၁၄၅)ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၄၀၄၅၀ဝိ/-) ကျပ်တိတိအား (၁၂-၉-၂၀၁၉ ) ရက်နေ့နံနက် (၁၂:၀၀) အချိန်တွင်ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေဘေးသင့်သေဆုံးသူအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်မျောပါသေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-) ကျပ်အား (၁၂-၉-၂၀၁၉ ) ရက်နေ့နံနက် (၁၂:၀၀) အချိန်တွင်ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_fld #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉)ရက်နေ့၊ (၁၀:ဝဝ)နာရီမှ(၁၁:၃၀)နာရီထိ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ဓမ္မာရုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိ ပညာပေးဟောပြောဆွေးနွေးခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဖိုက်ဘာစက်လှေလွဲှပြောင်းပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ စက်လှေရရှိရေးကော်မတီ သို့ ဒေသခံကျောင်းသားကျောင်းသူများနှင့် ကျေးရွာသူကျေးရွာသားများ မိုးရာသီကာလရေကြီးရေလျှံချိန်တွင် သွားလာရေး အဆင်ပြေချောမွေ့စေရန် ဦးစီးဌာနမှ ပံ့ပိုးကူညီသော ဖိုက်ဘာစက်လှေ (၁) စီးအား ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #Unicode Version# #otr #bgo_sep2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ် တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုခရိုင်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဖြစ်ပွား လာပါက ပြည်သူများအနေဖြင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ပြီး အသက်ဘေးအန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူ ဇာတ် တိုက်လေ့ကျင့်မှုများကို စက်တင်ဘာ(၁၁)ရက် မွှန်းလွဲှ(၂)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် အခြေ ခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲဖြစ်စဉ်များ၌ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ခြင်း၊ ပြိုပျက်နေအိမ် တိုက်တာအဆောက်အဦများတွင် ပိတ်မိပြည်သူများကို ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်ဆောင်ရွက်သည့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ(၁၁)လမ်းတွင်(၇-၉-၂၀၁၉)ရက်နေ့၊နံနက်(၁၄:၀၀)နာရီအချိန်၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၁)စုမှ၊လူဦးရေ(၄)ဦးတို့မီးဘေး သင့်ခဲ့သဖြင့် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေကျပ်(၂,၀၀,၀၀ဝိ/-)၊လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊(၁)အိမ်ထောင်စုစာတို့အား (၁၁-၉-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန် တောင်းပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စုတွင်(၈-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာသွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်းနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ရာ မိသားစု(၁)စုမှ၊လူဦးရေ(၂)ဦးတို့လေဘေးဒုက္ခခံစားခဲ့ရပါသဖြင့် လေဘေး သင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄၀,၀၀ဝိ/-)၊လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)တို့အား စုစုပေါင်းထောက်ပံ့ငွေ(၄၄၂၀ဝိ/-)အား (၁၁-၉-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀)အချိန်တွင် မော်လမြိုင်ကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံး Community Centre ၌ ကျောင်းသား/ ကျောင်းသူ (၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်ရန် (၁၀.၉.၂၀၁၉) ရက်နေ့တွင် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၁)စု၊ ကျား(၄၇)ဦး၊ မ(၅၁)ဦး၊ လူဦးရေ (၉၈)ဦးအတွက် ဆန်ရိက္ခာ ၁၄ရက်စာ ဆန် ၁၄အိတ် ၇ပြည်အား (၁၁.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
