Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာမှ ကမ်းပြိုအိမ်ထောင်စု (၃၉)စု ၊ လူဦးရေ(၁၇၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၈၀၀၀၀/-)ကျပ်နှင့် ဆနိရိက္ခာဖိုးထောက်ပံ့ငွေ(၃၆၃၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၁၄၃၃၀၀/-)ကျပ်တို့ကို (၉-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_rbe #mgy_oct 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ထိပ်ချောင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ထောင်စု (၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၉၆၈၀၀/-)ကျပ် တိတိအား (၉-၁၀-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #ayy_oct 2019
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့၊ ဓမ္မာရာမကျောင်း တိုက်သို့ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန် (၅) အိတ်၊ ဆန် (၂၀) ပြည်အား (၈-၁၀-၂၀၁၉) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: စစ်တွေမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ ယာယီရောက်ရှိခိုလှုံနေထိုင်လျက်ရှိသော ဝိဘဇ္ဇဝါဒီ (ပရဟိတ) ကျောင်းတိုက်မှ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၆) ဦး၊ ကျက်တောပြင်ကျေးရွာမှ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၂) ဦးနှင့် ဗုဒ္ဓမော်ကျောင်းတိုက်မှ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ၊ ဆန် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မဂုကျေးရွာအုပ်စုမြစ်ပိုးကျုံစိန်ကျေးရွာ(အ.မ.က)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၆၀)ဦးကို မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မုန်တိုင်းဘေးနှင် အခြားဘေးများ၏ဆောင်ရန်ရှောင်ရန်အချက်များ၊သရုပ်ပြခြင်းများနှင့်ယင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောက်လုပ်ပြီးစီးပြီဖြစ်သောMulti Purpose Shelter ကို သဘာဝဘေးဖြစ်ပွားပါကမည်သို့အသုံးပြုရမည်များကိုအသိပညာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_oct 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ရေလည်ကုန်းကျေးရွာ၌ (၆.၁၀.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သဖြင့် အဆိုပါတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၃၃၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၃၀၃၆၀ဝိ/-)ကျပ်တို့အား (၈.၁၀.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_oct2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
School Cum Shelter တည်ဆောက်မှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျးရွာအုပ်စု၊ ဓနိဆိပ် ကျေးရွာတွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော BAN Thein Construction Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (25%) တည်ဆောက်ပြီးစီးမှု အခြေအနေအား လပွတ္တာမြို့နယ်မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ (၇-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_oct2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောက်တော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဉီး အတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား (၇-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ #ha_tls #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလမသဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာ
အောက်တိုဘာ ၅၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ တွင် အောက်တိုဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၀) ကြိမ်မြောက် ကုလမ သဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ရောက်ရှိစဉ်ကာလအတွင်း နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် Nansen ဒုက္ခသည် … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၅) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်၊ ဖျာပုံမြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီတို့နှင့်အတူ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် တည်ဆောက်လျက်ရှိသော Multi Purpose Shelter ပြီးစီးမှုကိုသွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
