Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဥယျာဉ်စုကျေးရွာတွင် (၃-၁၀-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၅၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆၃)ဦးအတွက် ဆန္ရိကၡာ(၇)ရက္စာဖိုးေထာက္ပံ့ေငြ (၁၃၂,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၆၃၂,၃၀၀/-)ကျပ်အား (၁၀-၁၀-၂၀၁၉)ရက်နေ့ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe #mgy_oct 2019

  • မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့(၁၈:၃၀)နာရီအချိန်၌ မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်ကို (၁၀-၁၀-၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် သွားရောက်ထောင်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_oct 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ လမ်းမဘုန်းတော်ကြီးကျောင်းသို့ (၈-၁၀-၂၀၁၉)ရက်နေ့နှင့် (၉-၁၀-၂၀၁၉)ရက်နေ့တွင် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၄)စု လူဦးရေ (၂၅၂)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာအတွက် ဆန်(၃၆)အိတ် (၁၈)ပြည်အား(၁၀-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောင်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး #ha_otr #rke_oct 2019

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကျောက်မြောင်းမြို့နယ်(ခွဲ)၊ အမှတ် (၂) ရပ်ကွက်မှ (၃-၁၀-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_oct2019 Source: ရွှေဘိုခရိုင်ဦးစီးမှုးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အဆိုပါလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်ကို (၁၀-၁၀-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #krn_oct 2019

  • မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့ (၁ရး၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော တပ်ကုန်းမြို့နယ်၊ ရွေးစုကျးရွာအုပ်စု၊ ရွေးစုကျေးရွာမှ မိုးကြိုးဘေးကြောင့်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ ငွေ (၃၀၀၀၀၀/-) ကျပ်အား (၁၀-၁၀-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #npw_oct2019 Source: ဥတ္တရခရိုင်ဉီးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၌ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဝင်ရောက်ခဲ့သည့်သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာမှ ရေဘေးသင့် ကျောင်းသား (၆၀) ဦးအတွက် ကလေးကျောင်းဝတ်စုံကျား (၆၀) ထည်နှင့် ကျောင်းသူ (၁၀၇) ဦးအတွက် ကလေးကျောင်းဝတ်စုံမ (၁၀၇) ထည် ၊ စုစုပေါင်း (၁၆၇) ထည်တို့အား (၉-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလုပ်ရှားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် DRR Working Group နှင့်အတူ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် (၉-၁၀-၂၀၁၉) ရက်နေ့၌ ဘားအံမြို့ (မဲဘောင်ဈေး)၊ ထီလုံဈေး၊ ဒိုင်းပြရွာ၊ လှိုင်းဘွဲဈေးနှင့် ကန်သာယာညဈေးများသို့သွားရောက်၍ ပြည်သူလူထု များအား သဘာဝဘေးနှင့်ပတ်သက်သည့် မေးခွန်းမေးမြန်းခြင်းများအားပြုလုပ်ကာ အမှတ်တရလက်ဆောင် တီရှပ်များကို ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events