Author Archives: Department of Disaster Management

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ (၁၈-၁၀-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) မှ (၉:၅၀) အထိကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး စုစုပေါင်း အင်အား (၃၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #shn_oct2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ဖျာပုံမြို့ ဆရာဇော်ဂျီစာကြည့်တိုက်ခန်းမတွင်ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ဖတ်ကြားခဲ့ကာ NGOအဖွဲ့မှ ဖျာပုံခရိုင်အတွင်း သဘာဝဘေးလုပ်ဆောင်နေမှုများရှင်းလင်း ပြောကြားခဲ့၍ အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGOများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူ … Read more

  • မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းကျင်းပ

    အောက်တိုဘာ ၁၇၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းအစီအစဉ်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူတိုင်းတွင် မသန်သော်လည်းစွမ်းနိုင်မှုတစ်ခုခု ရှိကြရာ စွမ်းနိုင်သမျှ စွမ်းအောင် မြှင့်တင်ပေးရန်လိုကြောင်း၊ မည်သည့်မသန်စွမ်းမှု အမျိုးအစား ဖြစ်စေကာမူ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန်လိုပါကြောင်း၊ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကန်ချောင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ (၁၀-၁၀-၂၀၁၉) ရက်နေ့ (၁၇:၀၀) အချိန်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ပြိုလဲကျရာ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ၎င်းဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့ အား (၁၇-၁၀-၂၀၁၉) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ … Read more

  • ကျည်ထိမှန်မှုကြောင့် သေဆုံးသူအတွက် ထောက်ပံ့သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ ကျည်ထိမှန်မှုကြောင့် သေဆုံးသူ ဆီဒီးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများက (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ha_otr rke_oct2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့၌ ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသောအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၁၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ်(၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၈,၉၀ဝ) ကျပ်တို့ကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကမ်းပြိုဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက် (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_oct2019 … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် (၁၆-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၁) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၉၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၃,၁၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၁၃,၁၀၀) ကျပ် တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၁၇-၁၀-၂၀၁၉) … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၉-၁၀-၂၀၁၉)ရက်နေ့၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရှင်အောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် မီးဘေးလုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း) အိမ်ခြေ (၁)လုံး အိမ်ထောင်စု(၁)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းငွေ ကျပ် (၄၀၀,၀၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၉) ရက် နေ့တွင် ရှင်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူ မိသားစုဝင်များထံသို့ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန််ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿ၀င်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာတွင် (၅-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စုမှ လူဦးရေ (၈၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၇၈၅၀၀) ကျပ်၊ စုစုပေါင်းငွေ (၂၂၇၈၅၀၀) ကျပ်အား  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် (၁၆-၁၀-၂၀၁၉) ရက်နေ့ (၁၃:၀) အချိန်၌ … Read more

Sign Up

Upcoming Events