Author Archives: Department of Disaster Management

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

      Source:နေ ပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ******************************************* လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ (၃-၁၂-၂၀၁၉) ရက်နေ့တွင် တပ်ကုန်းမြို့ အ.ထ.က(၁) စာသင်ကျောင်း၌ (၀၉:ဝဝ) အချိန်မှ (၁၁:၃၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ များနှင့်ကျောင်းသား/သူ စုစုပေါင်း (၂၅၀) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂း၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ရွှေကျောင်းကြီး (ဓမ္မာရုံ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောဆွေးနွေးခြင်းတို့အားကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့်ပြည်သူလူထုအင်အား စုစုပေါင်း(၂၃၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။   #ar #mon_dec2019 Soruce:             သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှု

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ကျောက်တိုင်ကျေးရွာ၌ (၂-၁၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၆)လုံး အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၇၈၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၃၇၈၀ဝိ/-) အား (၃-၁၂-၂၀၁၉) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  •   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)မှ(၁၂:၀၀)ထိ တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ တက်ရောက်သူကျောင်းသား/သူစုစုပေါင်း(၁၈၀)ဦး အားလည်းကောင်း၊ နေ့လည်ချိန် (၁၃:ဝဝ) မှ(၁၅:ဝဝ) ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်း၌ တက်ရောက်သူ ကျောင်းသား /သူဦးရေ(၁၅၀)ဦး အားလည်းကောင်း၊ သဘာ၀ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၃-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ  လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာ၊ အ‌ခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာမှ ဒဏ်ရာရရှိသူ နော်ဘီဟူဆောင်း (ဘ)အာမိန်ဟူဆောင်း အသက်(၁၂)အတွက် ဒဏ်ရာရထောက်ပံငွေ(၅၀၀၀၀/-)အား (၃-၁၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:ဝ၀) ချိန်မှ (၁၄:၃၀) ချိန်အထိ တပ်ကုန်းမြို့၊ ညောင်လွန့် (အ.ထ.က) စာသင်ကျောင်းတွင်ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၄၀၀) ဦးအား အသိပညာပေးဟောပြော ခဲ့ပြီးတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_Dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၃/၂၀၁၉)အား သင်တန်းသား(၃၀)ဦးဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019

  •   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ကသာခရိုင်၊ ထီးချိုင့်မြို့ နယ်မောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌(၂.၁၂.၁၉)ရက်နေ့ (၁၃:၀၀)နာရီမှ(၁၅:၀၀) နာရီအထိကျောင်းသူကျောင်းသား (၃၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်ရှောင်ရန်များအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_dec2019 Source:             ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၉:၃၀) ချိန်မှ (၁၁:၃၀) ချိန်အထိ တပ်ကုန်းမြို့နယ်၊ မကျည်းပင်(အ.ထ.က) စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပို စတာများဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events