Author Archives: Department of Disaster Management
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၄-၁၂-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်တောကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/သူ (၁၀၂) ဦးအား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေး ဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊မြောင်းမြခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ်၊ မကျီးချောင်းကျေးရွာ အုပ်စု၊ ဝဲဒေါင့်ကျေးရွာတွင် (၃-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့ သောအိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု(၂) စုစာ၊ လူဉီးရေ (၈) ဉီးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၂) စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀)၊ ဆန်ရိက္ခာရန်ပုံငွေကျပ် (၁၆၈၀၀)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၆၈၀၀) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၁၂ – ၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း (၄/၂၀၁၉)ကိုသင်တန်းသား/သူ (၃၀) ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ ရာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်း ဦးစီးမှူး၊ မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) ချိန်တွင် ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနရှိ Community Center အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း (၈၀) တက်ရောက်ခဲ့ပါသည်။အဆိုပါသင်တန်းကို (၄-၁၂-၂၀၁၉) ရက်နေ့မှ (၆-၁၂-၂၀၁၉) ရက် နေ့အထိ သင်တန်းသား (၃၀) ဉီးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အာရှဒေသဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၏ (၅)ကြိမ်မြောက်ဒေသတွင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
ဒီဇင်ဘာ ၃၊ ရန်ကုန် အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP)ကို အာရှဒေသအတွင်း ရှေ့ပြေးစီမံကိန်းအဖြစ် ကမ္ဘောဒီးယား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့မှ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားပါသည်။ အဆိုပါ APP ၏ (၅) ကြိမ်မြောက်ဒေသတွင်းအစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် ယမန်နေ့ နံနက်(၉)နာရီကNovotel Yangon Max Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် (၂၉-၁၁-၂၀၁၉)ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဃောသိတာရုံကျောင်းတိုက်သို့ ထပ်တိုး ရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁)အိတ်၊ (၄)ဗူးအား (၃-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့နယ်၊ ရွှေသီးကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ်ကျေးရွာ၊ သိန်းတန်(ရခိုင်) ကျေးရွာ သိန်းတန်(ဘင်္ဂါလီ) ကျေးရွာ၊ သံခြေ(ရခိုင်) ကျေးရွာ၊ ဆေးအိုးကျ(ဘင်္ဂါလီ) ကျေးရွာ၊ ဝရကျွန်း (ဘင်္ဂါလီ) ကျေးရွာ၊ စုစုပေါင်းစုရပ်စခန်း (၁၀)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၃) စု၊ လူဦးရေ (၁၃၅၂) ဦးအတွက် ဆန်ရိက္ခာ(၁) လစာ၊ ဆန်(၄၂၂) အိတ်၊ (၁၂) … Read more
-
တိုက်ပွဲရှောင် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရာမှ ထန်တလန်မြို့နယ်၊ သီကီရ်းကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၁၂၈)ဦးတို့အား (-၃-၁၂-၂၀၁၉) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ရန်ပုံငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အားပေးစကားပြောကြားခဲ့၍ အလှူငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ထောင်စု(၂၁)တို့အတွက် ပြောင်းရွှေ့စရိတ်၊ ဆန်၊ဆီ၊ … Read more
-
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ခရုတောကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀ဝိ/-) ကျပ်တို့အား (၃-၁၂-၂၀၁၉) ရက်နေ့တွင် တန့်ဆည်မြို့နယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ (၃-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သုံးခွမြို့နယ်ရှိ မှိုကုန်းသာကျေးရွာ မှိုကုန်းသာ-အောင်သာဒါန်း ကျောင်းတိုက်တွင် ပြည်သူလူထု (၁၀၀) ဉီးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_dec2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
