Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေး ရွာအုပ်စု၊ ကျူချောင်းရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင် စု (၇၁) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၅ – ၁-၂၀၂၀) ရက်နေ့ ( ၉ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါ … Read more
-
မိုင်းထိပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက( ၁၂- ၁ -၂၀၂၀) ရက်နေ့၊ (၀၃:၃၀) အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မိုင်းဆန်းမြိုင် ရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်အုန်းတင်သည် ဖာပွန်မြို့နယ်၊ ကန်ညီနောင်ကျေးရွာသို့ သွားရောက်၍ ဝါးခုတ်နေစဉ် မိုင်းဟောင်း(၁)လုံး နင်းမိပြီး ပေါက်ကွဲခဲ့ရာ ဒဏ်ရာရရှိခဲ့ပါ သည်။ အဆိုပါ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ(၁) ဦးအား ကရင်ပြည်နယ် လူမှုရေးဝန်ကြီး နှင့်အတူ (၁၄-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ကရင်ပြည်နယ်၊ … Read more
-
မြေပြိုဘေး အသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအုပ်စု၊ ညင်းထွေးကျေးရွာတွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်၊ရှောင်ရန်အချက်များ ၊အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ မြေပြိုဘေး အသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #tny_jan2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ထား၀ယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စု၊ ရှမ္မတွင်း ကျေးရွာရှိရွာလမ်းဆုံတွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ မီးဘေး အသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #tny_jan2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၀) ရက်နေ့(၁၅:၀၀) နာရီမှ (၁၆:၄၅) နာရီအထိ ဂန့်ဂေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆာင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀)တွင် ဦးစီးဌာန၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်၊ ဥပဒေ၊ နည်းဥပဒေများ နှင့် ထောက်ပံ့သည့်နှုန်းထားများကို မြို့နယ်ထွေ/အုပ်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၅၉) ဦးအား ဆွေးနွေးပို့ချခဲ့ပါကြောင်း နှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more
-
တိုက်ပွဲရှောင်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝိဘဇ္ဇဝါဒီ(ပရဟိတ)ကျောင်း တိုက်သို့ ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၄)ပြည်ကို (၁၃-၁-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jan2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉) ခုနှစ် အတွင်းရေဝင်ရောက်ခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာမှ ကျောင်းသား /သူများအတွက် ကလေးကျောင်းဝတ်စုံ ကျား (၁၇) ထည် ၊ မ (၁၁) ထည်အားလည်းကောင်း ၊ရေဝေကျေးရွာမှ ကျောင်းသား / သူများအတွက် ကလေးကျောင်းဝတ်စုံ ကျား (၅၇) ထည်၊ မ (၃၇) ထည် အားလည်းကောင်း၊ ထုံးဖိုကျေးရွာမှ ကျောင်းသား / သူများအတွက် ကလေး … Read more
-
အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထို မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေ ရေး၊ ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိစေနိုင်ရန်အတွက် (၁၃-၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှေ့၊ ဘူတာလမ်းဆုံ၌ မြေပြိုဘေးအသိ ပညာပေးဗီနိုင်းပိုစတာ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mon_jan2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂ – ၁ – ၂၀၂၀ ) ရက်နေ့၊ (၂၀ : ၃၀) နာရီချိန်တွင် ရေဦးမြို့နယ်၊ မြင်းမြေကျေးရွာ၌ ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန် / ရှောင်ရန်အချက်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား မော်လမြိုင်ကျွန်းမြို့၊ ကုတင် (၁၀၀) ဆေးရုံရှေ့ တွင် (၁၂- ၁ – ၂၀၂၀ ) ရက်နေ့၌ လဲလှယ်တပ်ဆင်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_jan202 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
