Author Archives: Department of Disaster Management
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ပအဖွဲ့အစည်းများအားလက်ခံတွေ့ဆုံ
ဇန်နဝါရီ ၂၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) နှင့် အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International (Myanmar)) အဖွဲ့အစည်းများက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။ Community and Services International(CFSI)နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် CFSI အဖွဲ့အစည်း တို့ ပူးပေါင်း၍ လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက်စွာ … Read more
-
မိုင်းထိပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်း ပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်အုပ်စု၊ ဆင်သေပြင်ကျေးရွာမှ မိုင်းထိပြည်သူ(၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ( ၅၀၀၀ဝိ/-) ကျပ် အား (၂၀ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် အောင်ပ(ဘင်္ဂါလီ)ကျေးရွာ၊ ဖိုးခေါင်ချောင်း (ဘင်္ဂါလီ)ကျေးရွာ၊ ခွဆုံ(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း (၃) ခုတွင် ရိက္ခာထပ်မံလိုအပ် လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၃၁) စု၊ လူဦးရေ (၆၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၉၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးအား (၂၀ – ၁ – ၂၀၂၀ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြားကုန်းတဲတိုက်၊ အနောက်မြောက်တဲတိုက်၊ ချောင်းဆင်းတဲတိုက်ရှိ အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၆၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၀-၁-၂၀၂၀) ရက်နေ့ (၁၀ : ၃၀) နာရီအချိန်တွင် တဲတိုက်များအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_jan2020 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီတွင် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ကျောင်းတော်၌ သင်းအုပ်ဆရာတောာ်ကြီး၏ ခွင့်ပြုချက်ဖြင့် ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ(၁၅၀)ခန့်အားအသိပညာပေးလက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကွမ်းတောအင်းကျေးရွာနှင့် မွန်းလွဲ(၁၃:၀၀)နာရီတွင် ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူလူထုများ အား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဉီးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်/ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ကွမ်းတောအင်းကျေးရွာတွင် တက်ရောက်သူဉီးရေ (၁၀၀)ဉီးခန့်နှင့် ပဒါန်း ကျေးရွာတွင် (၇၅)ဉီးခန့် တက်ရောက်ခဲ့ပါကြောင်း … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပလက်ဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ပလက်ဝမြို့နယ်၊ ငရှားကျေးရွာအုပ်စု၊ ငရှားကျေးရွာအုပ်စု၌ တောင်ယာမှြပန်လာစဉ် ဆွဲမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရပြည်သူအား ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၈-၁-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့်အတူ ပလက်ဝမြို့နယ်ဆေးရုံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပလက်ဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #chn_jan 2020
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ နောင်ဆွမ်းကျေးရွာအုပ်စု၊ နောင်ဆွမ်းရွာမ၊ နောင်ဆွမ်းဘုန်းကြီးကျောင်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် ဘုန်းကြီးကျောင်း(၁) လုံး၊ သံဃာတော် ဦးရေ (၃၀) ဦးအတွက် ဆွမ်းရိက္ခာ(၇) ရက်စာထောက်ပံ့ဖိုးငွေ (၆၃၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဉူးဇင်း(၅)ပါး သင်္ကန်း(၅)စုံ တန်ဖိုးငွေ(၆၅၀၀၀/-)ကျပ်၊ ကိုရင်(၂၅)ပါးသင်္ကန်း(၂၅)စုံ တန်ဖိုးငွေ(၂၂၅၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ဖိုးငွေ (၆၅၃၀၀၀/-)ကျပ်အား (၁၈-၁-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူအများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာတိုးပွားစေရန် ရည်ရွယ်ပြီး အများပြည်သူများမြင်တွေ့နိုင်သောလမ်းဆုံ လမ်းခွနေရာများဖြစ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၊ ဒွာရာဝတီမြို့ဦးတံတားအဝင်၊ ခရိုင်အား/ကာရုံးရှေ့ဘက် ကားလမ်းမကြီးဘေး၌ မီးဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်နှင့် ငပလီဘက်မှသံတွဲမြို့အဝင်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့ဘက် ကားလမ်းမကြီးဘေး၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ် (၂)ခုတို့အား (၁၇-၁-၂၀၂၀)ရက်နေ့တွင် သွားရောက်စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_ jan2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာနှင့် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများ၌ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ” ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ jan2020
