Author Archives: Department of Disaster Management
-
လေဘေးသင့် ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ေရးနှင့် ပြန်လည်ေနရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပိန်းချောင်းကျေးရွာအုပ်စု၊ ပိန်းချောင်းကျေးရွာနှင့်ကျီးချောင်းကျေးရွာ၌ (၁၇-၈-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့်ပြိုကျခဲ့သည့် နေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံးအိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ရန်ပုံငွေ(၃၃,၆၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၆၀,၀၀ဝ)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၃,၆၀ဝ)ကျပ်အား (၁၈-၈-၂၀၂၂) ရက်ေန့(၁၅:၀၀)ချိန်တွင် ဘေးသင့်ပြည်သူ ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုဒန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းအမှတ်(၈၆)၌ (၁၄-၈-၂၀၂၂) ရက်နေ့ (၂၃:၁၀)အချိန်တွင် ပလက်ခုံမှတစ်ဆင့် အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်(၂)လုံးနှင့် တိုက်ခန်း(၅)ခန်းတို့ မီးဘေးသင့်ခဲ့မှုကြောင့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စုစာတို့အား (၁၆-၈-၂၀၂၂)ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ygn_aug2022
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀)၌ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ. ထ.က(၇) ထားဝယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခြင်းနှင့် မုန်တိုင်းဘေး အသိပညာပေးပိုစတာများနှင့် ကိုဗစ်(၁၉) ရောဂါကာကွယ်နိုင်ရေးတွက် လက်သန့်ဆေးရည် (၁၅) ဗူးအား ကျောင်အုပ်ကြီးထံသို့ပေးအပ်ခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_aug2022
-
မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အ.ထ.က စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် Quick–Win Programme(အချိန်တိုအတွင်း ပြည်သူ အတွက် တိုက်ရိုက်အကျိုးရရှိနိုင်သော လုပ်ငန်းများ)ဆောင်ရွက်လျက်ရှိရာ (၂၃-၇-၂၀၂၂)ရက် နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများသို့ မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_july2022 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မအူပင်မြို့နယ်တွင်း ဖြစ်ပွားသည့်လေဘေးနှင့်ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုဆောင်ရွက်
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ စုစုပေါင်း(၇၈,၉၀ဝိ/-)အားလည်းကောင်း၊ ထနီးကျေးရွာအုပ်စု၊ ထနီးရွာကြီးပိုင်းကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသည့်နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၃၁၈,၉၀ဝိ/-)အားလည်းကောင်း … Read more
-
မြိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆောင်ရွက်
(၂၁.၇.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူ များသည် မြိတ်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၆၈)ဦး တက်ရောက်ခဲ့ပြီး သဏ္ဍာန်တူသရုပ်ပြဆောင်ရွက်ခြင်း၊ ဟောပြောသည့်အကြောင်းအရာများကို အမေးအဖြေ ပြုလုပ်၍ ပြန်လည်ဖြေဆိုပေးကြသူများအတွက် ဦးထုပ်များချီးမြှင့်ပေးအပ်ခြင်းနှင့် လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် Mask များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_july2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆောင်ရွက်
(၂၂.၇.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ(၂၀၀)ဦးအား ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_july2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၇-၂၀၂၂) ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန်ရွာသစ် ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊ (၁၂-၇-၂၀၂၂)ရက်နေ့တွင် အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ ရေပြန်အရှေ့ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၈)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၁၈-၇-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ပျက်စီးနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၂၂) ရက်နေ့တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှု ကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊ (၁၄-၇-၂၀၂၂)ရက်နေ့တွင် ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ၌ တောဆင်ရိုင်း၀င် ရောက်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀ဝ/ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၂)စုစာအားတို့အား (၁၈-၇-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_jul2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင် (သံ)ကျေးရွာအုပ်စုနှင့် ကညင်ရိုးကျေးရွာ၌ (၈-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀ဝ/-)ကျပ်နှင့် Surgical Mask (၈)ခုတို့ အားလည်းကောင်း၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်း ရှမ်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၁၀,၅၀ဝ/-)ကျပ်၊ Surgical Mask … Read more
