Author Archives: Department of Disaster Management
-
လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း Quarantine Center များအဖြစ် ဖွင့်လှစ်ထားရှိသော တိုင်းရင်းမြန်မာဆေးရုံ၊ ယွန်းကောလိပ်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပုဂံညောင်ဦး)တို့ထံသို့ Hand Sanitizer 500ml လက်သန့်ဆေးရည် (၆၀) ဘူးတို့အား ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mdy_dec2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေများရှားပါးလျက်ရှိသော နတ်မောက်မြို့နယ်၊ သမုန်းပင်ကျေးရွာအုပ်စု၊ သမုန်းပင်(အရှေ့)ကျေးရွာရှိ အိမ်ခြေ(၁၁၅)လုံး၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၆၂၈)ဦးတို့အတွက် သောက်သုံးရေဂါလံ(၂,၈၀၀)အား (၂၂-၁၂-၂၀၂၀) တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_dec2020
-
လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်အတွင်း ချောင်းစပ်နားရှိ ရေမသန့်သည့် ရပ်ကွက်/ကျေးရွာ(၈)ခုသို့ unicef မှလှူဒါန်းသည့် ရေသန့်ဆေး(၂၄၀)ထုပ်ပါ(၂၀)ဖာအား မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #tny_dec2020
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု online သင်တန်းကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ SEED Asia နှင့်ပူးပေါင်း၍ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ ဝါးဘို့ခြင်ဘို့ကျေးရွာရှိ ဆရာ/မများ၊ ရပ်ရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ရပ်ရွာလူထုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို (၂၂-၁၂-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်မှ(၁၆း၃၀)နာရီအချိန်ထိ Online သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းအားတက်ရောက်လူဦးရေ(၃၃)ဦးဖြင့် Covid-19ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျား ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၀၀/-) ကျပ်အား (၂၂-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
Covid-19 အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း အား တိုင်သာကျေးရွာ၊ လောသာကျေးရွာ စသည့်ကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်း စာ စောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေသန့်ဆေးထုပ်များအား သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၅၀)ဖာ နှင့် သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာသို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၄၆)ဖာ၊ စုစုပေါင်း (၉၆)ဖာ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2020
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၂၂-၁၂-၂၀၂၀)ရက်နေ့၊ (၁၀းဝ၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၅)လုံး၊အိမ်ထောင်စု(၅)စု၊လူဦးရေ(၂၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၄၈၃၀ဝိ/-)၊ စုစုပေါင်းကျပ်(၅၄၈၃၀ဝိ/-)အား(၂၂-၁၂-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_dec2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ ငွန်ဆိုင်းကျေးရွာနှင့် လွယ်ခမ်းကျေးရွာတို့တွင် Covid-19 ကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
ဗီနိုင်းပိုစတာစိုက်ထူခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ် ညောင်ပင်စျေးရပ်ကွက်၊ ဗိုလ်ချုပ်စျေးလမ်းထောင့်၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် (၉’×၆’)မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
