Author Archives: Department of Disaster Management

  • (Covid-19)လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ကြေညာခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့၌ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးတို့ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်အတွင်းရှိ ဇလွန်းကျေးရွာ၊ တလိုင်းထောင်ကျေးရွာ၊ ကသန်းကျေးရွာ၊ တောင်ပို့ကျေးရွာ၊ သဗျာကျေးရွာ၊ ဗျောတောဝရပ်ကွက်နှင့် ရှမ္မလည်ဆွဲရပ်ကွက်တို့တွင် လော်စပီကာ၊ hand speaker တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထာသော (Covid-19)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ နောက်မီးကျေးရွာအတွင်းရှိ ကျေးရွာများအတွင်း Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များ လှည့်လည်ဟောပြောခြင်း လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၂၀)ရက်နေ့ ( ၃း၀၀ )နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာ၊ ဝမ်လုံကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid-19)နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများကို ကျေးရွာမိဘပြည်သူများကို အသိပညာပေး ပန်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_mar2020 Source:        လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် (၁၅:၀၀) နာရီမှ စတင်၍ (၁၆:၀၀) အချိန်ထိ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာအုပ်ချုပ် ရေးမှူးများအား အသိပညာပေးနှိုးဆော်ချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေးကျေးရွာ၊ လောလျာခူကျေးရွာနှင့် မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာတို့၌ သောက်သုံးရေဂါလန်(၁၅၀၀)စီကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေး ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်အတူ (၃၀-၃-၂၀၂၀) ရက်နေ့‌(၂၁:၀၀)နာရီတွင် ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာ၊ ချီပါမြောက်ရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့်‌ ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_mar2020 Source:        ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးကြေညာခြင်း ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်မှ (၁၃:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်‌‌တောင်ကန်ကျေးရွာအုပ်စု၊ မြောက်ချောင်း၊ နှမ်းခင်းကြီး၊ စက်ကုန်း ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #npw_mar2020 Source: … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာနှင့် ဒေါကော့ကျေးရွာတို့၌ သောက်သုံးရေဂါလန်(၃၂၀၀)စီကို လည်းကောင်း၊ ဒေါတချကျေးရွာနှင့် ဒေါဆိုဖျကျေးရွာများ၌ သောက်သုံးရေဂါလန်(၁၂၀၀)စီကိုလည်းကောင်း၊ ဒေါဖာကျေးရွာ၌ သောက်သုံးရေဂါလန်(၁၅၀၀)ကိုလည်းကောင်း သောက်သုံးရေများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events