Author Archives: Department of Disaster Management
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၃၁-၃-၂၀၂၀) ရက်နေ့ ညနေ (၃:၃၀) မှ (၆:၃၀) အချိန်အထိ မြိတ်မြို့၊ ငွေပုလဲရပ်ကွက်နှင့် ရှမ်းချောင်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ပျံနှံမှုများမဖြစ်ပွားစေရန်အတွက် အသိပေးကြေငြာချက်များအား ဟန်းစပီကာ ဖြင့်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဗီနိုင်းကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီး ဌာန၊ မာဃသဟာယ လူမှုအထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ဂန့် ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာ၊ ပေါ်ဦးကျေးရွာများသို့ (၃၁-၃-၂၀၂၀) ရက်နေ့ ၊ (၀၈ : ၃၀) နာရီမှ (၁၃ : ၃၀) နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များကို ပြည်သူများသို့ အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရက္ခိတလူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၃၁-၃-၂၀၂၀) ရက်နေ့၊ (၀၈ : ၀၀) နာရီမှ (၁၂ : ၀၀) နာရီချိန်အထိ သံတွဲမြို့နယ် ဇလွန်ကျေးရွာ၊ မဒေးကျေးရွာ၊ မဲနယ်ကွင်းကျေးရွာ၊ သွေးကျောက်ကျေးရွာအတွင်း လှည့်လည်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ / Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များ အား ပြည်သူလူထုသို့ … Read more
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့ နံနက် (၀၉၃၀) အချိန်မှ (၁၆၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက်-ပခုက္ကူ လမ်းမကြီးတွင် ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင်စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းမှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
(Covid-19)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာတွင် (၀၈:၃၀)နာရီ၌လည်းကောင်း၊ ကျီးချောင်းကျေးရွာ တွင် (၁၂:၀၀)နာရီ၌ လည်းကောင်း၊ သာယာကုန်းကျေးရွာတွင် (၁၄:၀၀)နာရီတို့၌ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား နှိုးဆော်ခြင်း ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်၊ (၁၃:၀၀)နာရီတွင် စစ်တွေမြို့ ၊ သဲချောင်း IDP စခန်း၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးဆက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid -19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁- ၃-၂၀၂၀) ရက်နေ့တွင် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား covid – 19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်း၊ လိုက်လံဆော်သြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်နှင့် ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာနှင့် လက်ပန်ကျေးရွာများအတွင်း COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၊ ရွာသစ်ကျးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ တကောကျးရွာအုပ်စု၊ တကောကျေးရွာနှင့် ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ပါရမီဒေါင့်ကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ စက်သစ်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ကြာကန်ရပ်ကွက်များသို့ သွားရောက်၍ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူသို့ အသိပညာပေးပန်ကြားချက်ကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး COVID-19 ကူးစက်ရောဂါအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr 2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
