လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာတွင် (၀၈:၃၀)နာရီ၌လည်းကောင်း၊ ကျီးချောင်းကျေးရွာ တွင် (၁၂:၀၀)နာရီ၌ လည်းကောင်း၊ သာယာကုန်းကျေးရွာတွင် (၁၄:၀၀)နာရီတို့၌ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား နှိုးဆော်ခြင်း ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr 2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)