Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့(၁၀း၀၀)မှ(၁၂း၀၀)အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့မရပ်ကွက်၊ မိုးညိုတန်းရပ်ကွက်၊ ကျောင်းကြီးတန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ရွာမရပ်ကွက်၊ ကွေ့ချောင်းရပ်ကွက်တို့တွင်လှည့်လည်ကြေငြာခဲ့ပြီး ထိုမှတဆင့်ဆက်လက်၍ (၁၃း၀၀) မှ(၁၅း၀၀)အချိန်ထိ နတ်တလင်းမြို့နယ် သာစည်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ဇီးကုန်းလေးရပ်ကွက်၊ ရွာမရပ်ကွက်တို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာ၊ hand speakerများဖြင့် Covid-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်အမျိုးသမီး‌‌ရေးရာအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတို့ဖြင့်ပူးပေါင်း၍ မိုင်းဖြတ်မြို့နယ်၊ ဘူရှီးကျေးရွာ၊ မက်မွန်ကြယ်‌ကျေးရွာနှင့် နမ့်ဟိုင်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာ၊ လားဟူ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီမှ(၁၁:၃၀)နာရီအထိ မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာ၊ လွယ်ဝိန်းကျေးရွာနှင့် ရွှေသာယာကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID-19 အပြင် ပူပြင်းတဲ့ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကိုလည်း သတိထားဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_apr2020 Source: ​       မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်​ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနတိုနှင့်ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့(၀၈:၀၀)မှ စတင်ပြီး ဆင်​ပေါင်ဝဲမြို့နယ်၊​ ​​​ချောင်းကောက်ကျေးရွာအုပ်စု၊ ​ချောင်းကောက်ကျေးရွာ၊ အင်ပက်လက်ကျေးရွာ၊ ကိုးပင်ကျေးရွာသို့ သွားရောက်၍ COVID -19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်းတည်မြို့နယ်၊ မြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက်တို့တွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_apr2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ စခန်းကြီးကျေးရွာ၊ ကွမ်းအုံကျေးရွာနှင့် ရေဗွက်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ကြာကန်ရွာသစ်ကျေးရွာ၊ပုဂံမျှော်ကျေးရွာ၊ ကြူချောင်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကိုင်းရွာကျေးရွာအုပ်စု၊ တအုံကျေးရွာ၌ (၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ တာပေါ်လင်စ (၁)စတို့ကို (၂-၄-၂၀၂၀) ရက်နေ့(၁၄:၂၀)အချိန်တွင် ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2020 Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events