
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတို့ဖြင့်ပူးပေါင်း၍ မိုင်းဖြတ်မြို့နယ်၊ ဘူရှီးကျေးရွာ၊ မက်မွန်ကြယ်ကျေးရွာနှင့် နမ့်ဟိုင်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာ၊ လားဟူ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_apr2020