Author Archives: Department of Disaster Management

  • သောက်သုံးရေ လှူုဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၈-၄-၂၀၂၀)ရက်နေ့၊ (၈:၀၀)အချိန်တွင် ကောလင်းမြို့နယ်၊ နနွင်းတောအုပ်စု၊ မင်းကုန်းကျေးရွာသို့၊ သောက်ရေသန့် အိမ်ထောင်စု(၁)စုလျှင် (၂၀)လီတာဆံ့ဗူးကြီး (၄)ဗူးနှုန်းဖြင့် အိမ်ထောင်စု(၇၅)စုအတွက် ဗူး(၃၀၀)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #sgg_apr2020 Source:           ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ (၂၀:၀၀)နာရီအချိန်မှ (၂၃:၀၀) နာရီအချိန်အထိ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ တာကလေးအုပ်စု၊ (လယ်တော်၊ မြို့သစ်၊ ကွမ်းခြံကုန်း၊ တရုတ်တန်း၊ သော်တာအေး၊မိုးကောင်း၊ အေးမြနန္ဒာ၊ တာလေး၊ ကုလားတန်း)ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လှည့်လည်အသိပညာပေးဟောပြော ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:          ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ် ဦးစီးမှူးရုံးမှ(၇-၄-၂၀၂၀)နေ့တွင် ကောလင်းမြို့နယ် ၊ ကျောက်ပြင်သာအုပ်စု၊ ကျောက်ပြင်သာရွာ၊ မင်းကုန်းရွာ၊ သဲချောင်းရွာ ၊ ကချင်ကုန်းရွာတွင် covid-19နှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_apr2020 Source:           ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ခင်ဦး မြို့နယ်၊ ရွာစဉ်ကျေးရွာမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွား သောလူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၀,၅၀၀ိ/-) ကျပ် တို့အား (၈-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_mar2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ၊ တပ်ကုန်နှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်းဘီ၊ တပ်ကုန်းဂါလိလဲ၊ ဒူကထောင်နယ်မြေ-၄/၅/၁၄ ရှိ IDPs စခန်းများသို့ လူမှုရေးဝန်ကြီး၏ ဆန်ရိက္ခာထောက်ပံ့လှူဒါန်းရန် ခရီးစဉ်တွင်လိုက်ပါပြီး COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source:          ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလှည့်လည်ဆော်ြသခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၆-၄-၂၀၂၀)တွင် ကောလင်းမြို့နယ်၊ တောင်ပို့လှအုပ်စု၊ တောင်ပို့လှရွာ၊ ဇီးဖြူကုန်းရွာ၊ လျှော်ဖြူကုန်းရွာ၊ အောက်ကျင်းရွာ၊ ပွဲခံရွာ၊ ဥဒိဿာရွာတွင် Covid-19နှင့်ပတ်သတ်၍ လှည့်လည်ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_apr2020 Source:           ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် (၀၄း၀၀) နာရီအချိန်မှ (၀၆း၀၀) နာရီအထိ မင်းတပ်မြို့နယ်အတွင်း ကျော့တော်ကျေးရွာတွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ ဆောင်ရန်၊ ရှောင်ရန် အချက်များ အား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_mar2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ထား၀ယ်ခရိုင်၊    ရေဖြူမြို့နယ်၊     ကလိန်အောင်မြို့၊    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး၊    ထား၀ယ်ခရိုင်၊   ရေဖြူမြို့နယ်၊    ကလိန်အောင်မြို့၊     အမှတ်(၁)   ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source:          တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ သင်္ဘောဆိပ်ဆိပ်ကျေးရွာ၊ ဖလံရုံကျေးရွာ များသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020 Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ (၇-၄-၂၀၂၀) ရက်နေ့ (၁၃း၃၀) မှ (၁၇:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ မိုင်းနောင်ကျေးရွာ၊ ဟိန်စွန်းကျေးရွာ၊ လုံတုံကျေးရွာနှင့် စိန်နန်းကျေးရွာ၊ သာယာကုန်းကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များ လှည့်လည်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_apr2020   Source:           ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events