Author Archives: Department of Disaster Management
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် PSSAGအဖွဲ့အစည်းနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ကြံတောကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီ အချိန်မှ (၁၂:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ေရးမြို့နယ်၊ ကျုံပေါကျေးရွာ၊ ပေါ့ထော်နှင့်တူးမြောင်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_apr2020
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြင့်မြတ်စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေး နှင့်အတူပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် စိန်ပန်းကုန်း ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေတွင်းများ ပြုပြင်ရန်အတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်အတွင်း နွေရာသီကာလသောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရေရရှိရေးဆောင်ရွက်ရန် ရေအရင်းအမြစ်ရှာဖွေခြင်းနှင့် ရေတွင်းပြုပြင်ခြင်းလုပ်ငန်း(၅)ခုအတွက် ကုန်ကျငွေကျပ် (၁၆၅) သိန်းအား(၈-၄-၂၀၂၀) ရက်နေ့ နေ့လယ် (၁၃း၀၀) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_apr2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၈:၀၀) နာရီမှ (၁၃:၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ မိုးဘုံအုပ်စု၊ မန်အုံကျေးရွာ၊ မိုးဘုံကျေးရွာနှင့် မန်ပတ်ကျေးရွာအုပ်စု၊ မန်ပတ်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေ ရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၈.၄.၂၀၂၀)နေ့ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာနှင့် ပြင်ထပ်အော်ကျေးရွာတို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်းအား ခရိုင်လူမှုဝန်ထမ်း ၊ ကရုဏာလူမှုကူညီရေးအသင်း၊ ရပ်ကျေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီတို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် DRC အဖွဲ့တို့ဖြင့် ပူးပေါင်း၍ (၈-၄-၂၀၂၀) ရက် (၁၁း၅၀) နာရီတွင် စစ်တွေမြို့နယ်၊ ဒါးပိုင်၊ ဘောဒူဖ (၁၊၂) IDPs Camp နေပြည်သူလူထုများအား COVID-19 ကူးစပ်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေး ဆော်သြခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် သဲအိမ်ကျေးရွာအုပ်စု မဲဘောင်ကျေးရွာ သစ်ခေါင်းကျေးရွာ၊ သဲအိမ်ကျေးရွာ၊ ရွာကလေးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံမှ (၇-၄-၂၀၂၀)တွင် ကောလင်းမြို့နယ်၊ ဝါးသီးကုန်းအုပ်စု၊ တရော်ကိုင်းရွာ၊ ဝါးသီးကုန်းရွာ၊ ပေါက်တောရွာတွင် Covid-19နှင့်ပတ်သတ်၍ လှည့်လည်အသိပညာပေးဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၇-၄-၂၀၂၀)နေ့တွင် ကောလင်းမြို့နယ်၊ အင်ပင်လှအုပ်စု၊ စံလယ်ရွာ၊ အင်ငူရွာ၊အင်ပင်လှရွာတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
