Author Archives: Department of Disaster Management

  • Covid – 19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်အထိ ​ကျောက်ဖြူမြို့နယ်၊ အ​ရှေ့ပိုင်းရပ်ကွတ် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Hand Speaker ဖြင့် လိုက်လံနှိုး​ဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #rke_apr2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှုးရုံး (ဘစမ)

  • Covid-19 ​ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၁၀း၃၀) နာရီမှ (၁၇း၃၀)နာရီအထိ ညောင်ဦးမြို့ပေါ်ရှိ  သီရိမင်္ဂလာရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ သီရိပစ္စယာရပ်ကွက်၊ ရေဝင်ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ ရွာပေါင်း(၈) ရွာကို သွားရောက်၍ Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူ တစ်ဦးချင်းစီအလိုက် နေ့စဉ်နေထိုင်ကြရမည့်ပုံစံ၊ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြု နည်းများအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ချယ်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာရှိ မိဘပြည်သူများအား COVIS-19 ရောဂါ ကူစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာပေးဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_apr 2020

  • Covid – 19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၄-၂၀၂၀) ရက်နေ့တွင် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ချိတ်တောကျေးရွာ၊ အလယ်စုကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများနှင့် ထူးကြီးမြို့ စျေးအနီးရှိ ပြည်သူများအား Covid-19  ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန် အချက်အလက်များကို ​ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိ​​ပါသည်။ #ar … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာ၊ တမုတ်ချုံး၊ ရှမ်းအင်းတော်၊ ကမ္မလိုင်း၊ ရေဖြူ၊ တားပလပ်၊ ချောင်းလမု ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဝေငှ ခြင်းတို့အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့နှင့် (၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာအုပ်စု၊ ဘန်းပြည့်အနောက်ကျေးရွာရှိ နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၁၂,၆၀၀-/) ကျပ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကြိမ်ချောင်းဝကျေးရွာမှ နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကန်ပြားအရှေ့ကျေးရွာ၊ ကန်ပြားအနောက်ကျေးရွာ၊ ရွာသစ်ကလေးကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံး ရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း၊ ကားဂိတ်တန်း)နှင့် ဦးလှိုင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု(၁၃၆) စု၊ လူဦးရေ (၆၄၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၈- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_apr2020 … Read more

  • COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် င်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၈-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၀၀) အချိန်မှ (၁၉:၃၀) နာရီအချိန်ထိ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပေါက်ကုန်း ကျေးရွာအုပ်စုနှင့် အင်းတ္တော်လုပ်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာများသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events