Covid-19 ​ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၁၀း၃၀) နာရီမှ (၁၇း၃၀)နာရီအထိ ညောင်ဦးမြို့ပေါ်ရှိ  သီရိမင်္ဂလာရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ သီရိပစ္စယာရပ်ကွက်၊ ရေဝင်ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ ရွာပေါင်း(၈) ရွာကို သွားရောက်၍ Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူ တစ်ဦးချင်းစီအလိုက် နေ့စဉ်နေထိုင်ကြရမည့်ပုံစံ၊ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြု နည်းများအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း သိရှိလိုက်နာရမည့် အချက်များကို လှည့်လှည်အသိပညာပေးနိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_apr 2020

Sign Up

Upcoming Events