Author Archives: Department of Disaster Management

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) နေ့တွင် ရှားတောကျေးရွာ၊ ပေါက်အိုင်ကျေးရွာ၊ ရွာငံကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ ပေးကြေငြာခြင်း၊ လက်ကမ်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးစာစောင်များကပ်ပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးတို့နှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက်၊ စက်ဆန်းရပ်ကွက်၊ ကန်တော်လေးအရှ့ရပ်ကွက်တို့၌လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ တံတားမြောက်အမှတ်(၁/၂)ရပ်ကွက်၊ တံတားတောင်အမှတ်(၁/၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အနော်ရထာလမ်းမကြီး၊ ပန်းချောင်းကျေးရွာ၊ ဆင်မကော်ကျေးရွာ၊ ကဒ္ဒပ္ပနကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော … Read more

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊‌ ရေလဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာခွဲ(၆)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loud Speaker ၊ Hand Speaker များဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:           မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူသို့ အသိပညာ ပေးပန်ကြားချက်များကို လှည့်လည်ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မာဃသဟာယလူမှုအ‌ထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊‌ ကျွဲနန်း ကျေးရွာ၊ တောင်လယ်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ သာကောင်းကျေးရွာများသို့ (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ(၁၆:၃၀)နာရီ အချိန်ထိ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020   Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ‌ ညောင်ကန်အုပ်စု၊ ‌ကျောင်းရွာအုပ်စု၊ ‌‌မကျီးအုပ်စု၊ ကန်သာအုပ်စု၊ ဆည်ကုန်းအုပ်စုရှိိ ကျေးရွာ (၂၇) ရွာအတွင်းရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ​ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် ​(၁၁:၀၀)နာရီအချိန်၌ လည်းကောင်း၊ ဂွေးချောင်းကြီး ကျေးရွာတွင်(၁၃:၀၀)နာရီအချိန်၌ လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ​ကျိုက်မရောမြို့နယ်၊ ​ကျွန်းရွာကျေးရွာနှင့် ကဒါကျေးရွာတို့တွင်  COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ​ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ (၁၄:၃၀)နာရီထိ ကလေးမြို့နယ် တောင်ဦး၊ ပြင်သာ၊ ကံပုလဲ၊ နှောညောင်ပင်၊ ရေလဲဦး၊ ပေါက်ခုံကျေးရွာများ သို့သွား ရောက်ခဲ့ပြီး  COVID-19 ကူးစက် ရောဂါနှင့်ပက်သက်သော ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပါကြောင်း  သတင်းရရှိပါသည်။ #ar #sgg_apr 2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကဒါကျေးရွာနှင့် ကျုံစိန်ကျေးရွာတို့တွင် COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသို့ အသိပညာ ပေးကြေငြာခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မက်မွန်မုန်းကျေးရွာအုပ်စု ၊ လွိုင်ငင်းလေးကျေးရွာနေ ဦးလုံးကွတ်ခမ်းသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၄:၃၀) နာရီ အချိန်ခန့်တွင် သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့သောကြောင့် (၉-၄-၂၀၂၀) ရက်နေ့၊ (၁၅: ဝဝ)နာရီအချိန်တွင်  သေဆုံးသူ၏မိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/- )(သုံးသိန်းကျပ်တိတိ)အား  သွား​ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

Sign Up

Upcoming Events