Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ လဲဘူးကျေးရွာတွင် (၂၉-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀,၅၀ဝ) ကျပ်အား (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး … Read more
-
PPE ဝတ်စုံများနှင့် handgel များ ပေးအပ်လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀)ရက်နေ့တွင် လွိုင်လင်မြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် (Covid-19)ရောဂါ၊ကာကွယ်တားဆီးထိန်းချုပ်ရေး ကော်မတီသို့ PPEဝတ်စုံများ နှင့် (500)gပါ Handgelဘူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၁း၂၀) နာရီအချိန်၌ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ (၁) အိမ်ထောင်စာကို (၂၉-၁၂-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_dec2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် မင်းဘူးမြို့ (ပြည်သူ့ဆေးရုံကြီးနှင့် မြန်မာ့စီးပွားရေးဘဏ်) များသို့ Hand Sanitizer (500 ml)ပါ ဘူးများအား တို့အား COVID-19 ကူးစက်ရောဂါပြန့်နှံ့မှုမှ ကာကွယ် နိုင်ရန်အတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _dec2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၈.၁၂.၂၀၂၀)နေ့တွင်ကသာမြို့ပေါ်ရပ်ကွက်( ၁၀ )ရပ်ကွက်အား (၁၀းဝဝ)နာရီမှ(၁၃း၀၀)နာရီအချိန်အထိ ရာသီအလိုက်ဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်များ၊(COVID-19) နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့်၊ မီးဘေးလက်ကမ်းစာစောင်စာများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်၌ ဓနုဖြူမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို အများပြည်သူများ အလွယ်တကူသိရှိနားလည် ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာစိုက်ထူဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဓနုဖြူမြို့နယ်ယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020
-
Hand Sanatizer ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် ခင်ဦးမြို့နယ်၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer 500ml လက်သန့်ဆေးရည် (၅၀) ဘူးနှင့် ခင်ဦးမြို့နယ်၊ COVID-19 လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မြို့နယ်ကြက်ခြေနီအသင်းသို့ Hand Sanitizer 500ml လက်သန့်ဆေးရည်(၃၀)ဘူး၊ စုစုပေါင်း Hand Sanitizer 500ml လက်သန့်ဆေးရည်(၈၀)ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_dec2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲ သော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဘိုတဲကားဂိတ်တန်းရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု (၁၁၇) စု၊ လူဦးရေ (၅၃၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အားသွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_dec2020
-
သောက်သုံးရေ လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၁၂.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျှက်ရှိသော လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ သောက်သုံးရေ (၂၂၅၀)ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_dec2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Hand Sanatizer ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်ကူပြုကော်မတီသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုနိုင်ရန် Hand Sanitizer (500ml) (၆၀) ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_dec2020
