Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား (၁၉-၈-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ချာပါချောင် ကျောင်းစုရပ်ကွက်၊ စိတ္တသုခလမ်း၌ နှစ်(၃၀)ခန့်ရှိ ကုက္ကိုပင် နေအိမ်ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ကျောက်ပြားခင်း၊ ပျဥ်ကာ၊ တစ်ထပ်နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့တွင် ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_aug2022 Source: … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူ များသည် (၁၇-၈-၂၀၂၂)ရက်နေ့၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းကျေးရွာအုပ်စု၊ မဏ္ဍပ်ကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ရေငန်းစမ်းကျေးရွာတို့တွင် ရေဘေးဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁,၆၅၀,၀၀ဝ/-)ကျပ်အားလည်းကောင်း ကံ့ကော်ကြောကျေးရွာတွင် ရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်းနှင့် စုစုပေါင်းထောက်ပံ့ငွေ(၂,၄၆၂,၆၀ဝ/-)ကျပ်အားလည်းကောင်း ရွာဟောင်းကြီးအုပ်စု၊ ရွာဟောင်းကြီးကျေးရွာနှင့် စာရေးကွင်းကျေးရွာတို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ကာဘော်လိပ်ဆပ်ပြာများအား (၁၉-၈-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်ရွှေအိမ်ထောင်စုအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၂) ရက်နေ့(၁၂:၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၉)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၈,၉၀၀)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mon_aug2022
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကွမ်းမိုးဒိန်းရပ်ကွက်တွင် အိမ်ထောင်စု (၆)၊ လူဦးရေ (၃၇)၊ အမှတ် (၁၂)ရပ်ကွက်တွင် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၉၂)ဦး၊ ပလူကျေးရွာအုပ်စု၊ပလူကျေးရွာတွင် အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၄၈)ဦး၊ ဘိုကလေးကျေးရွာအုပ်စု အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၇၀)ဦး၊ ကျုံကန်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာတွင် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ(၃၃)၊ စုစုပေါင်း အိမ်ထောင်စု … Read more
-
သစ်ပင်များပြိုလဲမှုကြောင့် ပျက်စီးဆုံးရှုံးအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဖိုးရာဇာလမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးသစ်ပင်များပြိုလဲမှုကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅,၇ဝဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၁၈-၈-၂၀၂၂) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_otr #ygn_aug2022
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်ကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ရေငန်စမ်းကျေးရွာရှိ ရေကြီးနစ်မြုပ်အိမ်ခြေ(၁၈၅)လုံး၊ အိမ်ထောင်စု(၁၈၅)စုမှ ဘေးသင့်လူဦးရေ(၇၆၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁,၆၁၀,၇၀ဝ)၊ အိမ်ထောင်စု(၁၈၅)စုအတွက် ကာဘော်လိပ်ဆပ်ပြာ(၁၈၅)တောင့်၊ ရေသန့်ဆေး(၄၀)kg (၁)ပုံး၊ ပြိုကျပျက်စီးအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် ရွာဟောင်းကြီးအုပ်စု၊ ရွာဟောင်းကျေးရွာနှင့် စာရေးကျေးရွာတို့မှ ရေကြီးနစ်မြုပ်အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု(၁၂၀)စုမှ လူဦးရေ(၅၆၀)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁,၁၇၆,၀၀ဝ)တိတိတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့်(၁၈-၈-၂၀၂၂) ရက်နေ့တွင် … Read more
-
လေပြင်းဘေးသင့်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူတို့အတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၂) ရက်နေ့(၂၃:၀၀)နာရီ အချိန်ခန့်၌ ပေါင်မြို့နယ်၊ အဟောက်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု နှင့် ကော့ကရင်ကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးနှင့်အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ်နှင့်လူဦးရေ(၂၉)ဦးတို့အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးငွေ(၆၀,၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၃၀,၉၀၀) ကျပ်အား လည်းကောင်း၊ ပြိုကျပျက်စီး အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ တန်ဖိုးငွေစုစုပေါင်း (၄၉,၀၃၆)ကျပ်အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီးရေများဝင်ရောက်ခဲ့မှုကြောင့် လယ်တဲများရှိ အိမ်ထောင်စု(၃၄)စုတို့မှ လူဦးရေ (၁၅၅)ဦးတို့ ဘေးသင့်ခဲ့ရာ သာယာချမ်းမြေ့ဘုန်း ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင်ပြောင်းရွှေနေထိုင်လျက်ရှိပြီး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) အားဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၂)ရက်နေ့၊ (၉:၀၀)အချိန်၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)”အား ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှာကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးနှင့်အတူ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2022
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းသူများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ေရးနှင့် ပြန်လည်ေနရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံကပ်ရိုးကျေးရွာနှင့် ကျော်းတော်ကလေးကျေးရွာတို့၌ (၁၆-၈-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၆၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ရန်ပုံငွေ(၁၄၄,၉၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁,၅၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၄၄,၉၀ဝ)ကျပ်နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၅)တောင့်အား (၁၇-၈-၂၀၂၂) ရက်ေန့ (၁၄:၄၅)ချိန်တွင် ပန်းတနော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
