Author Archives: Department of Disaster Management
-
Covid-19 နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍(၁၈- ၄- ၂၀၂၀)ရက်နေ့တို့တွင် နံနက်(၁၀း၄၅)အချိန်မှ(၁၁း၄၅)အချိန်ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)မှ(၁၂း၃၀)ထိ သံတွဲခရိုင် ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကျောက်ခေါင်းကွင်ကျေးရွာတွင် လည်းကောင်း Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာ၊ နှင်းနူကျေးရွာ၊ သာဂရံကျေးရွာ၊ ဓမင်းဆိပ်ကျေးရွာတို့၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့ (၁၅၃၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နမ့်ပုတ်ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်အတွင်းရှိ ကောင်းဟုန်းရပ်ကွက်တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းကို မြန်မာဘာသာနှင့်ရှမ်းဘာသာတို့ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ပလစ်ကေျးရွာ၊ ပုပ္ဖဝတီကျေးရွာတို့၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀)ရက်နေ့ (၁၅၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားသိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာတွင် သောက်သုံးရေဂါလံ(၃၂၀၀)အား သွားရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_apr2020
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာတွင် Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြန်မာဘာသာနှင့်ရှမ်းဘာသာတို့ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေကျေးရွာနှင့် မိုဆိုကျေးရွာအုပ်စု၊ ထီးဒီးကူးကျေးရွာတို့တွင် သောက်သုံးရေ ဂါလံ(၃၂၀၀)စီအားလည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါဆီးခူကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာတို့တွင် သောက်သုံးရေ ဂါလံ (၁၄၀၀) စီအားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_apr2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ အလယ်ကျေးရွာတွင် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၁၉း၁၅)နာရီ အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့သော ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀ိ/-)စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၈၄၀၀ိ/-) ကျပ်အား (၁၉-၄-၂၀၂၀) ရက်နေ့(၁၅:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေး ရွာခွဲတာဝန်ခံတို့၏ ရှေ့မှောက်တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
