Author Archives: Department of Disaster Management

  • ငလျင်ဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁- ၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူး ရုံးတွင် ကျင်းပပြုလုပ်သည့် Online Talk Show အစီအစဉ်၌ ငလျင် ဘေးအန္တာရာယ် ဆိုင်ရာသိကောင်းစရာများ၊‌ ဆောင်ရန်/ရှောင်ရန်များကို Covid-19ကာလအတွင်း onlineမှ တဆင့် ငလျင်ဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #shn_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ မဉ္ဇူလမ်းတွင် (၁၂-၁-၂၀၂၁) ရက်နေ့၊ (၁၁:၂၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေး သင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • မြေစာပြိုကျမှုကြောင့် သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၂၁) ရက်နေ့တွင် ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာရှိ ရတနာလင်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း မြေစာပြိုကျမှုကြောင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်အား (၁၁-၁-၂၀၂၁)ရက်နေ့၊ (၁၆:၀၀)နာရီ အချိန်တွင် သွာရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #kcn_jan2021

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၃- ၁-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jan2021

  • School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဒေးဒရဲမြိုနယ်၊ သောကြာကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာတွင် Myanmar Land Developement Co,Ltd မှ တာဝန်ယူတည်ဆောက်နေသော School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_jan2021

  • သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဖျာပုံမြို့၊ သောကြာကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ရေသန့်ဆေးထုတ်ဘူး(၃)ဘူး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိူင်း (၁) ခုနှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၌ (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၀၄:၁၀) နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသည့် ဘာသာရေးကျောင်း (၁)လုံးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ဖြိုဖျက်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ သေဆုံးသူ (၂)ဦးအတွက် … Read more

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် ပင်လုံမြို့၊ နောင်ဟူးကျေးရွာ၊ (ဟိုခိုက်အနာကြီးရောဂါကုဂေဟာ) (LenerColony) သို့ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါ လက်သန့်ဆေးရည်များ၊ ဆပ်ပြာထုပ်ကြီး(၈)ထုပ်ပါတစ်အိတ်၊ ကြွေဆေးရည်ဘူးများ၊ (Dettol)ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာတို့ အား တာဝန်ရှိသူထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍လက်သန့်ဆေးရည်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် hand sanitizer များအား ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာအုပ်စု၊ ဖောင်းကတာ မြောက်ကျေးရွာ Quarantine Centreအတွက် (၅)ဘူး၊ ဆားလင်းကြီး လူမှုကူညီရေးအသင်းကွန်ယက်သို့ (၂၀) ဘူး၊ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021

  • လက်သန့်ဆေးရည်ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ကလေးမြို့ဘိုးဘွားရိပ်သာအတွက် လက်သန့်ဆေးရည်(၂၀) ဘူးနှင့်၊ ကလေးမြို့၊ အေးရိပ်မွန်အမျိုးသမီးဂေဟာအတွက် လက်သန့်ဆေးရည်(၂၀)ဘူး၊ စုစုပေါင်း(၄၀)ဘူးတို့အားထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_jan2021

Sign Up

Upcoming Events