Author Archives: Department of Disaster Management

  • ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မုဒူး)၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၂)ရက်နေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မုဒူး)၌ ကျောင်းသား/သူ(၂၃၆)ဦးတို့ကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သည့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်  ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့အား ဟောပြောဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep, 2022 Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာ၌ ဖြစ်ပွားသည့်ကမ်းပြိုဘေးအတွက် ထောက်ပံ့

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာအုပ်စု၊ ရွှေလှေသောင်​းရွာ၌ (၃-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉,၉၀ဝိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ ထောက်ပံ့ငွေ စုစုပေါင်း(၃၃၉,၉၀ဝိ/-)ကျပ်နှင့် ကာဘော်လိပ်ဆပ်ပြာ (၃)တောင့်တို့အား (၅-၉-၂၀၂၂)ရက်နေ့ (၁၄:၃၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep, 2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်တွင် ဖြစ်ပွားသည့်မီးဘေးကြောင့် ဘေးသင့်ပြည်သူများသို့ ထောက်ပံ့

    ၂၉-၈-၂၀၂၂ ရက်နေ့တွင် တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ခရေလမ်းရှိ နေအိမ်(၁)လုံး၌ ခြင်ဆေးခွေထွန်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်းအိမ်အပါအဝင် နေအိမ်(၂)လုံး မီးလောင်ပျက်စီး၍ အခြားနေအိမ်(၂)လုံးမှာ တစ်စိတ်တပိုင်းမီး‌လောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးအတွက် ၃၁-၈-၂၀၂၂ ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၇၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-)ကျပ်[စုစုပေါင်းထောက်ပံ့ ငွေ(၅၂၀,၄၀၀)ကျပ်]နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_fir #ygn_sep, … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင်း ဖြစ်ပွားသည့် တောဆင်ရိုင်းဘေးများနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌  နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်‌(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၈၀,၀၀ဝိ/-)နှင့်လူဦးရေ(၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌ ထောက်ပံ့‌ငွေ(၅၂,၅၀ဝိ/-)အားလည်းကောင်း၊ (၂၈-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊‌ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်‌ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၀,၀၀ဝိ/-)နှင့် လူဦးရေ(၁၄)ဦး အတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေကျပ်(၂၉,၄၀ဝိ/-)အားလည်းကောင်း၊ (၂၉-၈-၂၀၂၂)ရက်နေ့ တွင်  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန် အရှေ့ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ‌ပြောင်းရွှေ့ရသည့်နေအိမ်‌ (၂)လုံး … Read more

  • မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သဘောင်းတောင်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၂၂)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ သဘောင်းတောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀၀/-)ကျပ်နှင့် အိမ် ထောင်စု(၁)စုအတွက် ငွေကျပ်(၄၆၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား (၂၈.၈.၂၀၂၂)ရက်နေ့ (၁၃:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_fir #tny_aug, 2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မင်္ဂလာသုခဆန်စက်လမ်းတွင်(၁၈-၈-၂၀၂၂)ရက်နေ့( ၂၁:၁၅)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၁)စု အတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ(၂)ဦးအတွက် mask (၄)ခုတို့အား (၂၅-၈-၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် … Read more

  • ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမ့ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် (၂၄-၈-၂၀၂၂)ရက်နေ့မှ(၂၈-၈-၂၀၂၂)ရက်နေ့အထိဖွင့်လှစ်မည့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ စုစုပေါင်း(၁၀၀)ဦး ဖြင့်တက်ရောက်ဖွင့်လှစ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug2022

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ်(၃) ခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၅၀)ဦးအား ဆွေး‌နွေးဟောပြောခြင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဘေးအန္တရာယ်ဆိုင်ရာတစ်မျိုးချင်းစီအလိုက် အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်းများကို  ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug2022

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ​တောင်ကျ​​ချောင်း​ရေများ ဝင်​ရောက်မှု​ကြောင့် ပုသိမ်မြို့နယ်၊ ​​ရွှေ​သောင်ယံမြို့၊ မကျီးဇင်​ကျေးရွာအုပ်စု၊ မကျီးဇင်ဖျား​ကျေးရွာရှိ ​ရေနစ်မြုပ်အိမ်​ထောင်စု(၄၀)စုမှ ​ရေ​ဘေးသင့်ပြည်သူ(၁၃၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၂၈၇,၇၀၀)တိတိနှင့် ကာ​ဘော်လိပ်ဆပ်ပြာ(၄၀)​တောင့်တို့အား (၂၀-၈-၂၀၂၂) ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် ​သွားရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #ayy_aug2022

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ​တောင်ကျ​​ချောင်း​ရေများ ဝင်​ရောက်မှု​ကြောင့် ပုသိမ်မြို့နယ်၊ ​တောင်တန်းကုန်း​ကျေးရွာအုပ်စု၊ မဏ္ဍပ်​ကျေးရွာနှင့် ​ရေငန်းစမ်း​ကျေးရွာတို့ရှိ ​ရေဝင်နစ်မြုပ်ခဲ့သည့် အိမ်များအနက် အိမ်အတွင်းရှိ အသုံးအ​ဆောင်ပစ္စည်းများ​မျောပါခဲ့သည့် အိမ်​ထောင်စု(၅၃)စုအား အိမ်​ထောင်စု(၁)စုလျှင် ကယ်ဆယ်​ရေးပစ္စည်း(၄)မျိုး(ဒန်အိုး၊ စတီးလ်ပန်ကန်ပြား၊ ​စောင်၊ ခြင်​ထောင်)တို့အား (၂၃-၈-၂၀၂၂) ရက်​နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အ​ရောက် သွားရောက်​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #ayy_aug2022

Sign Up

Upcoming Events