ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ​တောင်ကျ​​ချောင်း​ရေများ ဝင်​ရောက်မှု​ကြောင့် ပုသိမ်မြို့နယ်၊ ​​ရွှေ​သောင်ယံမြို့၊ မကျီးဇင်​ကျေးရွာအုပ်စု၊ မကျီးဇင်ဖျား​ကျေးရွာရှိ ​ရေနစ်မြုပ်အိမ်​ထောင်စု(၄၀)စုမှ ​ရေ​ဘေးသင့်ပြည်သူ(၁၃၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၂၈၇,၇၀၀)တိတိနှင့် ကာ​ဘော်လိပ်ဆပ်ပြာ(၄၀)​တောင့်တို့အား (၂၀-၈-၂၀၂၂) ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် ​သွားရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#ayy_aug2022

Sign Up

Upcoming Events